𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 24
''ရိုစ့်စကားလက်စ်...စကားလက်စ်အိမ်တော်ရဲ့ တစ်ဦးတည်းသောသွေးသား...၊ မောက်မာတယ်...ရိုင်းစိုင်းတယ်...မာနကြီးတယ် ဂုဏ်ပုဒ်လှလှတွေနဲ့ပြည့်နက်နေပါလား...ဟွန်း''
ရိုစ့်ကိုအပြုံးလေးမပျက်ဝေဖန်လိုက်သူဟာ ညသန်းခေါင်ကြီး ရိုစ့်ရဲ့အခန်းဝရန်တာမှာပေါ်လာသူဖြစ်၏...။
''ရှင်ကဘယ်သူလဲ...ကြောင်တောင်တောင်အဝတ်အစားတွေနဲ့..."
''ဘာကြောင်တောင်တောင် အဝတ်အစားလဲ!! ဒါစတိုင်ကွ စတိုင်!!"
''ဟုတ်လား...ဒီမှာ!!!!!! အစောင့်တွေတစ်ယောက်မှ မရှိဘူးလား!!! သေကုန်ပြီလား!!'
ရုတ်တရပ် အာပြဲစိန်အသံကြီးနဲ့အော်ပစ်လိုက်တာမှ ဝရန်တာနှုတ်ခမ်းဝမှာထိုင်နေသော နတ်ဘုရားပင် အနောက်ကိုလှန်ကျတော့မလို့...
ထိုအခါမှကမန်းကတန်းလက်ဖျောက်တီး၍ သူမကိုလေဟာနယ်ကြီးထဲခေါ်သွားလိုက်ရကာ...။
''ဒါဘယ်နေရာလဲ''
ပတ်ပတ်လည်မှာအဖြူရောင်နံရံကြီးပဲ...။
''ဒါဘယ်နေရာလဲ!!!!''
အသံကလည်းပြဲလိုက်တာ...။
''မင်းအသံလေးကိုနည်းနည်းလျော့စမ်းပါ...မင်းဘယ်ရောက်နေလဲပြောပြမယ်''
''အေး...ပြောကြည့်လေ၊ မဟုတ်ကဟုတ်ကနေရာဆိုလို့ကတော့ မင်းအင်္ဂါကိုဖြတ်ပစ်ပြီး ကျွန်စျေးမှာရောင်းစားပစ်မယ်''
ဝါးးး...ဒီကောင်မလေးတကယ်မလွယ်ပါလား။
တကယ့်ဗီလိန်ဆိုတာဒီလိုမျိုးကိုး...။
လှလှပပမျက်နှာလေးကို မောက်မာတဲ့မျက်နှာအသွင်ဖမ်းထားတာမှ အမြင်ကတ်စရာ...။''အဟွမ်းအဟွမ်း...''
သူမောက်မာပြလည်းငါကဖြုံပြလို့မဖြစ်ဘူးလေ...။
ကိုယ်နေဟန်ထားကို ပြန်ပြင်လိုက်ပြီး မျက်နှာလေးကိုမော်လိုက်၏...''ရိုစ့်စကားလက်စ်...ငါက ဒီလောကတွေကိုကြိုးကိုင်တဲ့ နတ်ဘုရားတစ်ပါး''
''နတ်ဘုရား?? နင်က!?''
''ဘာလို့တစ်စက်ကလေးမှ မယုံနိုင်ဘူး ဆိုတဲ့မျက်နှာကြီးလုပ်ပြနေရတာလဲ😒''
KAMU SEDANG MEMBACA
My Love In Novel
RomansaRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)