နတ်ဘုရားဖြစ်မယ့်သူ

259 10 0
                                    

𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝

Episode 32

ညီလာခံပြီးပြီးချင်း ထိုညတွင်...။

''နယ်စပ်က တပ်စွဲထားသမျှအဖွဲ့အားလုံးဆီဆက်သွယ်....၊ ဒီညတွင်းချင်းပဲ...တော်ဝင်ပန်းတိုင်းပြည်ကို သိမ်းမယ်လို့...''

ဘုရားကျောင်းကို ပြန်ရောက်တာနဲ့ တာဝန်ခံချုပ်ကြီးမှအမိန့်စေလွှတ်သည်...။

လက်အောက်ငယ်သားအသီးသီးလည်း နယ်စပ်အသီးသီးဆီစာပို့ဌက်လွှတ်ခိုင်းတဲ့အခါ...

''တာဝန်ခံချုပ်ကြီး...ပုန်ကန်မှုကို ဒီလိုလောလောလတ်လတ်လုပ်ဖို့ဖြစ်ပါ့မလား...''

''အားလုံးပြင်ဆင်ပြီးသားကိစ္စပဲလေ...၊ အားလုံးလည်းငါ့အမိန့်ကိုပဲစောင့်နေတာ...''

''ဒါပေမယ့် ဘုန်းတော်ကြီးက...''

ဘုန်းတော်ကြီးက လို့ပဲစကားစရသေးတယ်..သူတို့အခန်းထဲ ဘုန်းတော်ကြီးကဝင်လာလေပါပြီး...။

ဒေါကန်မှုများစွာနှင့် အခန်းထဲဒုန်းဆိုင်းဝင်လာပြီး...

''ပုန်ကန်ဖို့အစီအစဥ်ကို နိုးဆော်လိုက်ပြီးဆို!?? ဒါက ဘာသဘောလဲ တာဝန်ခံချုပ်ကြီး!!!"

အသံက အခန်းတစ်ခုလုံးဟိန်းထွက်သွားသည်...။
ဒါတောင် တာဝန်ခံက ဂရူမစိုက်သောပုံစံဖြင့် သူ့အားကျောခိုင်း၍ ဘောင်းဘီအိတ်ထဲလက်ထည့်ကာသက်ပြင်းကြီးတစ်ချက်ချလိုက်လျှင်...။

''တာဝန်ခံချုပ်ကြီး!!"

သောက်ဂရူမစိုက်သော အပြုအမှုဟာသူ့အား မလေးစားတဲ့အပြင် ​စောကားရာပါရောက်နေသည်လေ...။

သူတို့နှစ်​ယောက်အလယ်ကြားက လက်အောက်ငယ်သားလည်းအရိပ်အကဲကိုကြည့်၍ အပြင်ကိုကုတ်ကုတ်ကလေးထွက်သွားရ၏...

''ဖြေရှင်းချက်ကောင်းကောင်းပြန်ပေးစမ်းပါ..၊ ကျုပ်တို့အစီအစဥ်တွေကို ဒီလိုခံစားချက်အပေါ်လိုက်ပြီးလှုပ်ရှားတာမျိုးတော့ လက်မခံနိုင်ဘူး!!"

''ကျုပ်ခံစားချက်ပေါ်လိုက်နေတာမဟုတ်ဘူး''

မျက်နှာချင်းဆိုင်လှည့်ပြောလိုက်ရင်းး

My Love In Novelحيث تعيش القصص. اكتشف الآن