ပိုးပုဝါနဲ့မိန်းကလေး

397 16 3
                                    

𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝

Episode 7

မင်းသားဈန်ရဲ့ စစ်ပွဲနိုင်ဂုဏ်ယူပွဲနဲ့အတူ
အိမ်ရှေ့စံမင်းသားတင်မြောက်ပွဲပါကျင်းပမည်ဟူသိရ၏။

နန်းတော်တစ်ခုလုံးဒီပွဲအတွက်အလွန်အလုပ်ရှုပ်နေမည်ပေါ့...။

"ဒေါက်...ဒေါက်''

"အရှင့်သား...နန်းတွင်းသမားတော်ကြီးရောက်လာပါတယ်''

အထဲကဘာမှပြန်ပြောခြင်းမရှိ။

"ဒေါက်...ဒေါက်''

"အရှင့်သားး....??''

လုံးဝပြန်ပြောခြင်းမရှိတာမို့ သမားတော်ကြီးလည်း ဟင် ခနဲ့ဖြစ်နေပြီး။

". .............''

"အရှင့်သား!? "

နောစ့်ခေါ်ရင်းနဲ့မှ မင်းသားဈန်ဘာလုပ်နေလဲရိပ်မိကာ...၊

တံခါးကိုခွင့်ပြုချမရဘဲဖွင့်လိုက်ပြီး၊

"အရှင့်သား!!!"

အခန်းတံခါးကိုဒုန်းဆုန်းဖွင့်ဝင်လိုက်စဥ် အထဲမှာ ဈန်မရှိတော့။
ပြတွင်းပေါက်တံခါးကြီးလည်းဟာလာဟင်းလင်း။

နောစ့်သိနေပါတယ်။
တစ်ချက်လောက်သတိလွတ်တာနဲ့ အပြင်ခိုးခိုးထွက်တတ်တဲ့ ဒီမင်းသားကတော့။

"ဟာ...ကျစ်''

နော့စ်တစ်​ယောက်သူနဖူး သူရိုက်မိကာစိတ်ညစ်မိတော့၏။

"အရှင့်သားရော..''

သမားတော်ကြီးမေးတော့ နောစ့်ကသွားကလေးပေါ်အောင် ပြုံးဖြီးရင်းးး၊

"အရှင့်သားက...ဟို...သမားတော်ကြီးသိတဲ့အတိုင်း''

လို့ပြောကာ နန်းတော်အပြင်ဘက်ကိုလက်ညွန့်ပြလိုက်တော့သည်။
သမားတော်ကြီးကသက်ပြင်းချကာ..၊

"တိုက်ပွဲက ဒဏ်ရာကိုဘယ်သူမှမသိအောင်ကုမလို့ဆို...အရှင့်သားမှာတစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ!!!''

"အရှင့်သားဘာမှဖြစ်လောက်မှာမဟုတ်ပါဘူး..၊အရှင့်သားအပြင်သွားတိုင်းစစ်သည်
ဆာစ့်ကိုခေါ်သွားလေ့ရှိပါတယ်''

My Love In NovelWhere stories live. Discover now