ကြိုးကိုင်သူ

337 18 15
                                    

𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝

Episode 21

''နိုရာ!!! နိုရာ....နိုရားးးးးးးး!!"

ဆေးပေးခန်း အခန်းတစ်ခန်းလုံးကွဲထွက်မတတ် အော်ဟစ်ခေါ်လိုက်ကာမှ ပြတွင်းပေါက်ကနေ ခုန်တက်ခဲ့သော နိုရာ...။

နိုရာက လူပုံစံမပြောင်းပါပဲ ကြောင်နက်ကလေးသာဖြစ်နေသေးသည်...။

ရိုစ့် သူ့ကိုမြင်တာနဲ့ ပြတွင်းပေါက်ဆီကိုပြေးသွား၍...

''နိုရာ...ရှင်း ရှင်းသူဘာဖြစ်နေတာလဲ...သူတစ်ခုခုဖြစ်နေတယ်မလား...''

''မင်းစိတ်ကိုအရင်ဆုံးအေး​အေးထား...''

''ဘယ်လိုလုပ်စိတ်အေးအေးထားနိုင်မှာလဲ...၊ ရှင်းမှာတစ်ခုခုဖြစ်သွားရင်...''

''သူဘာမှမဖြစ်ဘူး...လောလောဆယ် လူနာကုတင်ပေါ်တက်ရမှာနင်...''

ပြောပြီး ပြတွင်းပေါက်နှုတ်ခမ်းဝကနေ အခန်းထဲကိုခုန်ဝင်၏...။
ပြီးတော့ လူနာကုတင်ပေါ်ကိုခုန်တက်လိုက်ပြီး...

''မင်းတက်လာခဲ့...လာပြန်နား''

''ငါဘာမှမဖြစ်...''

''ညောင်😾!!!''

စိတ်ဆိုးဆိုးအော်သံက ကြောင်သံကြီးအဖြစ်​ဗြဲထွက်၏...။

''မြန်မြန်လာပြန်လဲနေ!!...အခု...''

ရိုစ့် သူ့ကိုမဆန်ကျင့်တော့ပါ...။
ကုတင်ပေါ်ပြန်လဲနေလိုက်ပြီးမှ...

''ပြန်လဲနေပြီးပြီးနော်...၊ အခုပြောပြတော့ ဘာတွေဘယ်လိုဖြစ်နေတာလဲဆိုတာ...ပြီးတော့ခုနတည်းက နင်ဘာလို့လူပုံစံမပြောင်းတာလဲ''

လို့မေးတော့ နိုရာ မျက်နှာကပုတ်သွားသည်...။
မပြောချင်သော မျက်နှာကိုလွဲပစ်လိုက်ပြီးမှ...

''ငါ့စွမ်းအားတွေနဲ့မင်းကိုကာကွယ်လိုက်တာကိုး... လူပုံပြောင်းဖို့စွမ်းအားမလောက်တော့ဘူး''

''ဘာ!? နင်ဘယ်တုန်းက ငါ့ကိုကာကွယ်လိုက်တာလဲ''

တကယ်မသိလိုက်တဲ့အဖြစ်ကြောင့် ရိုစ့်ကမန်းကတန်း ထမေးသည်...။
ထိုအခါနိုရာက မကျေနပ်လွန်းသောမျက်နှာကြီးဖြင့်စိုက်ကြည့်လိုက်ကာ...

My Love In NovelWhere stories live. Discover now