𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 16
နွေရာသီကျောင်းပိတ်တိုင်း ယိုကိုဟားမားမှာရှိသော ရှင်းရဲ့ဦးလေးဆိုင်ကိုသွားလည်ဖြစ်ကြပါသည်...။
ရှင်းရဲ့ဦးလေးကဆူရှီဆိုင်ဖွင့်ထား၍ ဆူရှီ
မာစတာတစ်ဦးဖြစ်ပါသည်...။
ဆူရှီမာစတာဆိုတာ ဆူရှီစာဖိုးမှုးများဖြစ်ပြီးစားသုံးသူရဲ့ရှေ့မှာတင် ငါးတစ်ကောင်လုံးကိုလှီးဖြတ်ပြကာ ဟင်းလျှာတစ်ပွဲရဲ့ အစအဆုံးကိုပြသသူဖြစ်ပေ၏...။ဆိုင်မှာ လူကျသောတနင်္ဂနွေနေ့မှာ အိမ်၌
လူကြီးတစ်ယောက်မှ မရှိပဲ ဟာနာနဲ့ရှင်းနဲ့အတူ ရှင်းရဲ့ဝမ်းကွဲမောင်နှမနှစ်ယောက်သာကျန်ခဲ့ပါသည်...။ထိုအခါ အိမ်ကစာဖိုးမှုးမှာ ရှင်းနဲ့ဟာနာဖြစ်လာတော့တာပေါ့...။
''အား!!!"
''ဟာနာ!!! ဘာဖြစ်လို့လဲ... ဓားထိမိလို့လား...ပြစမ်းပါ''
ငါးအသားလွှာကိုဖြတ်ရင်း သူမလက်ကိုဓား
ထိမိလေပြီး...။
ဘယ်ဘက်လက်ညိုးလေးရဲ့ ဒဏ်ရာကနေ
သွေးတွေ စိမ့်ထွက်လာတဲ့အခါ ရှင်းက စိတ်တိုတိုနဲ့စိုက်ကြည့်လိုက်သည်...။ပြီးတော့လက်ကိုဆွဲ၍ သွေးတွေကို တစ်ရှုးနဲ့သုတ်ပေးကာ ဆေးသေတ္တာရှိတဲ့ဧည့်ခန်းကိုခေါ်ခဲ့တော့၏...။
ဆေးကို ဂရူတစိုက်သေချာထည့်ပေးရင်းးး...
''အဲဒါကြောင့်ခုနတည်းက ဘာမှမလုပ်ပါနဲ့လို့ ပြောခဲ့တာကို...အခုထိမိပြီးမလား...''
ဆူငေါက်ခံရတော့ ဟာနာမျက်နှာငယ်လေးဖြစ်သွားပါသည်...။
''ရှင်း တစ်ယောက်တည်းအလုပ်ရှုပ်နေတာလို့...ဝိုင်းကူပေးတာကိုး...၊ နာနေပါတယ်ဆိုမှမအော်ပါနဲ့''
''အရမ်းနာနေလား...ဆေးခန်းသွားမလား''
''ဟွန်း...ဒီဒဏ်ရာလေးနဲ့တော့ ဆေးခန်းသွား
စရာလား...ဝိုင်းရယ်ကုန်မှာပေါ့''''အရမ်းနာနေတယ်ဆို...''
''အရမ်းးးးကြီးနာနေတာမဟုတ်ပါဘူး...ရှင်းက ဆူနေတာကိုး''

KAMU SEDANG MEMBACA
My Love In Novel
RomansaRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)