Happy Ending ဆီကို

333 13 5
                                    

𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝

Episode 10

လွန်ခဲ့သော ရက်များက.....

မနက်စာကို ဆင်းမစားသောကြောင့် ဖေဖေစိတ်မကောင်းဖြစ်ခဲ့ရသည်...။
ညကလည်းသူမကိုအခန်းပိတ်လှောင်၍ဆူလိုက်တာကြောင့် ဖေဖေဆီက အန်ခမ်းအဆူပြန်ခံရ၏...။

''ညီမကိုဆုံးမတာနည်းလမ်းမကျဘူးတဲ့...''

ဒါဆိုဘယ်လိုဆုံးမနည်းက နည်းလမ်းကျတာလဲ...။
ဒီမနက်လည်းကြည့်တော့...ထမင်းလာဆင်းမစားဘူးတဲ့...။
မကြာခင်ပဲအရွယ်ရောက်ပွဲတောင်ကျင်းပရတော့မှာကို အခုထိကလေးဆန်တုန်း...။

''မင်းညီမကိုသွားပြန်ချော့လိုက်ဦး...''

ဖေဖေကပြန်ချော့တဲ့...။
ဖေဖေကျတော့ရိုစ့်ဆီမသွားဘူး...။
ရိုစ့်ပြန်လာတောင်းပန်တာကိုပဲစောင့်နေမယ်တဲ့...။သူမလို့မိန်းကလေးက လာတောင်းပန်မှာတဲ့လား။လာတောင်းပန်ခဲ့ရင်ရော တောင်းပန်တုန်းခဏပဲ...။
စိတ်ထဲအမှတ်ရှိမယ်တဲ့လား။

ဖေဖေက ရိုစ့်ကိုမတရားအလိုလိုက်လွန်းတယ်။
သွားပြန်ချော့လို့ပြောခဲ့ပေမဲ့ အန်ခမ်းပြန်ချော့ဖို့အစီအစဥ်မရှိ...။

သူ့အခန်းကိုပဲပြန်ပြီး လေ့ကျင့်ရေးကွင်းသွားဖို့ပြင်ဆင်ရန်တွေး၏။
ဒါပေမဲ့အခန်းပြန်စဥ်လမ်းမှာ ရိုစ့်အတွက်မနက်စာလာယူပေးသောအားဒီနဲ့ဆုံတဲ့အခါ...

''သခင်လေး...မင်္ဂလာနံနက်ခင်းပါ...''

''အင်း...''

ဂါရပြုနှုတ်ဆက်သောအားဒီကိုသူခေါင်းညိတ်လိုက်ပြီး...အားဒီလက်ထဲကမနက်စာတွန်းလှည်းလေးကိုကြည့်လိုက်​တော့
မနက်စာတွေနဲ့အတူ လိမ်းဆေးပုလင်းတစ်ခုကိုမြင်သွား၏...။

''ဒီဆေးကဘာလုပ်ဖို့လဲ...''

''အ...အဲဒါက''

အားဒီမပြောခင်ပဲ ဆေးပုလင်းကိုယူကြည့်လိုက်သည်..။

''ဒါသမားတော်ကြီးဆီကလိမ်းဆေးမလား...၊ ရိုစ့်ကတောင်းလို့လား..သူဘာလုပ်ဖို့လဲ''

''အ...ဟို..သခင်မလေးကမတောင်း​ပါဘူး၊ အားဒီဘာသာ သွားယူလာခဲ့တာပါ...သခင်မလေးရဲ့...ဟို..''

My Love In NovelWhere stories live. Discover now