ကိုးကွယ်မဲ့သူများ

329 14 5
                                    

𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝

Episode 9

''မင်းဘာလုပ်လိုက်တယ်ဆိုတာ မင်းသိလားရိုစ့်!!"

အိမ်ရောက်တာနဲ့ အန်ခမ်းရဲ့ဆူပုတ်စကားသံများနှင့်တိုးပါပြီး..။

''မင်းကြောင့်ဖေဖေဘယ်လောက်မျက်နှာပျက်ခဲ့ရလဲ!!! လူပုံအလယ်မှာအရှင်မင်းကြီးထံတောင်းပန်ခဲ့ရတာ...
မင်းကြောင့်ဖေဖေ ဘယ်လိုအရှက်ကွဲခဲ့ရလဲမင်းသိလား''

''ညီမလေးနားလည်ပါတယ်...ဒါပေမဲ့ညီမလေးပြောတာနားထောင်ပါဦး...၊ ညီမလေးမှာလည်းအကြောင်းပြချက်...''

''ဘာအကြောင်းပြချက်မှမလိုဘူးရိုစ့်!! မင်းကိုယ်မင်း ပြောင်းလဲပါပြီးဆို...ပြောင်းလဲပြီးလို့ကြွေးကြော်ပြီးတော့ အခုလုပ်ပုံကိုကြည့်လိုက်စမ်းပါ!! မျိုးရိုးမြင့်အိမ်ရဲ့လေဒီတစ်ယောက်က ဆင်ခြင်တုံတရားမရှိတဲ့လုပ်ရပ်ကို လုပ်ပြီး ဘယ်လိုတောင် အရှက်မဲ့ပြခဲ့တာလဲ''

စကားများဟာ ဆူးများကဲ့သို့ထိရှ၍ တရားလွန်နေပါပြီး။

''စကားပြောတာလွန်နေပြီးနော်!!!ကျွန်မရဲ့ အကြောင်းပြချက်ကိုနားထောင်ပေးဖို့...''

''ဘာလို့မင်းရဲ့အကြောင်းပြချက်ကိုနားထောင်ပေးရမှာလဲ!!! မင်းမှန်ပါတယ်ဆိုပြီး သနားစရာကောင်းအောင် ပြောဦးမလို့လားရိုစ့်!!!..မင်းကြောင့် ဖေဖေမျက်နှာပျက်ခဲ့တာ ဒီတစ်ခါ တကယ်ဆိုးလွန်းတယ်...''

''ဖေဖေ့ကိုတောင်းပန်ပါ့မယ်...၊ ဖေဖေကျေနပ်တဲ့အထိကိုတောင်းပန်..''

''မျက်နှာတည့်တည့် အိုးမဲသုတ်ပြီးမှ ဆောရီးလာမပြောနဲ့...၊ မင်းက တကယ်ပဲဘယ်လိုမေတ္တာနဲ့မှ မထိုက်တန်ဘူး...အခန်းထဲမှာပဲနေပြီး ကိုယ့်အပြစ်ကိုပြန်သုံးသပ်!!"

ပြောကာ အခန်းထဲ ဆွဲသွင်း၍ သော့ပိတ်ချလိုက်တော့၏..။

''ဒုန်း!! ဒုန်း!!''

''အန်ခမ်း!!!! တံခါးဖွင့်စမ်းပါ!!! ကျွန်မဖေဖေ့ကိုတောင်းပန်ဖို့သွားပါ့မယ်...ကျွန်မအမှားလုပ်မိတာသိပါတယ်...ဖေဖေနဲ့တွေ့ခွင့်ပေးပါ!!"

My Love In NovelDonde viven las historias. Descúbrelo ahora