𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 37
''သဘက်ခါ မနက်စောစောပဲ နယ်စပ်ကိုသွားဖို့ပြင်ထားပါဈန်...'' ဟူသော သွေးအေးအေးသတိပေးစကားဆိုခဲ့သည့် အကိုဖြစ်သူ...။
အကိုဖြစ်သူရဲ့တည်ငြိမ်ပြောင်းလဲမှုကို ဈန်အဖြေရှာမရခဲ့...။
ဒါပေမယ့်လည်း ယခုအချိန်မှာ သူ့အတွက် ထိုအဖြေကအဓိကမဟုတ်ပါပဲ ရိုစ့်ဆီသာပို၍ အာရုံရောက်နေသည့်အခါ...။
နန်းဆောင်ကိုပြန်ခဲ့၏...။
ထိုစဥ်အခန်းထဲက ကုတင်ပေါ်မှာ ရိုစ့်ကရှိမနေတာမို့...
''သူဘယ်ရောက်သွားတာလဲ''
အခြွေအရံတွေကိုမေးတော့လည်း အားလုံးကမျက်နှာရိပ်မျက်နှာကဲမကောင်းစွာ...
''ဟို...သခင်မလေးက ဘေးက ရေချိုးခန်းမှာပါ...''
''ရေချိုးခန်းမှာ!? ဒီအချိန်ကြီးရေချိုးနေတာလား''
ဒေါကန်ကန်မေးမိပြီး ရေချိုးခန်းကိုခြေလှမ်းပြုတော့...
''အရှင့်သား!!! သခင်မလေးက ဘယ်သူ့မှ သူရေချိုးတာမနှောက်ယှက်ရဘူးလို့ ပြောထားပါတယ်''
''ဘာ!?''
ကျစ်...မဟုတ်သေးဘူးလေ...။
နေကောင်းတဲ့သူလည်းမဟုတ်...ဒီအချိန်ကြီးရေချိုးတာ မဖြစ်သင့်ဘူးလေ...။
ပြီးတော့ဘယ်သူ့မှ မနှောက်ယှက်ရဘူးတဲ့လား...။
ရိုစ့်စကားလက်စ်...မင်းဘာတွေခိုးကြောင်ခိုးဝှက်လုပ်နေပြန်ပြီးလဲကွာ...။
ရေချိုးခန်းရှိရာကို သူထွက်ခဲ့၏...။
အခန်းအရှေ့ရောက်တော့ တံခါးကိုဖွင့်ဖို့လက်ရွယ်လိုက်ပေမယ့် သူမစိတ်ဆိုးသွားလေမလားလို့တွေးမိ၍ လက်ကတွန့်ဆုတ်မိသည်...။
''ကျစ်...ဘာပဲဖြစ်ဖြစ်ကွာ''
စိတ်ဆိုးနေသူက ငါပဲကိုး...လို့စိတ်ထဲကြုံးဝါးမိပြီး ရေချိုးခန်းတံခါးကိုအသာလေးဖွင့်ပစ်လိုက်၏...။
ထိုအခါ အခန်းအတွင်းမှာ အမွေးနံသား ရနံများနှင့် ရေနွေးငွေ့များသာတထောင်းထောင်းထနေကာ...။
ရေနွေးငွေ့များကြောင့်မြင်ကွင်းတွေဟာ ဝါးတားတားဖြစ်ကာ...အခန်းအတွင်းကိုတောင် သေချာမမြင်ရ...။
YOU ARE READING
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)
