ခေါင်းဆောင်မင်းသမီး

366 17 0
                                    

𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝

Episode 5

ဘယ်သူမှမသိပဲ ဇာတ်လမ်းလေးတစ်ပုဒ်ကစတင်ခဲ့ပြီး...ဘယ်သူမှမသိပဲအဆုံးသတ်သွားခဲ့တယ်...။

အဲဒီဇာတ်လမ်းလေးဟာ လူမသိသူမသိနဲ့ တိုးတိတ်စွာ အဆုံးသတ်ခဲ့တဲ့ ဝမ်းနည်းခြင်းမှတ်တမ်းတစ်ခုလိုပါပဲ။

ဒါပေမဲ့.... ၊
ဒီအတိတ်မှတ်တမ်းလေးကိုအခုထက်ထိမေ့
မရနိုင်သေးပါဘူး။

ရှင်းနဲ့စတွေ့ခဲ့တာ ဒီဇင်ဘာလထဲမှာပါ။
နှစ်ဟောင်းတစ်ခုရဲ့အဆုံးသတ်လရာသီလေးမှာ သူနဲ့စတွေ့ခဲ့တာပေါ့။

အဲဒီတုန်းက ကျွန်မဟာ၁၀နှစ်အရွယ်ကလေးတစ်ယောက်။
နာမည်ကြီးပေါင်မုန့်ဆိုင်ရဲ့တစ်ဦးတည်းသောသမီးလေး။
အလိုလိုက်ခံထားရ၍အရမ်းနွဲ့ဆိုးဆိုးတတ်သူလေးပေါ့။

ဒီနှစ်ဒီဇင်ဘာလထဲမှာ ကျွန်မတို့မိသားစုတစ်စုလုံး ဟိုက်ဒိုမြို့ထဲကိုပြောင်းခဲ့ကြ၏။

အရင်မြို့ကပေါင်မုန့်ဆိုင်လေးကအဌားဆိုင်ဖြစ်တာမို့ စာချုပ်ပြည့်သည်နှင့်ပြောင်းလာခဲ့ရခြင်းဖြစ်သည်။

ဟိုက်ဒိုမြို့ရဲ့ လူစည်ကားရာချယ်ရီလမ်းလေးထဲက ဆိုင်ခန်းပါအိမ်တစ်အိမ်ကိုအဖေကနေ ဝယ်လိုက်၏။

ဂျပန်ရဲ့ဒီဇင်ဘာဟာ ဆောင်းဦးအကုန်ဆောင်းရာသီဖြစ်သည်။
ဆောင်းဦးရာသီက အအေးဒဏ်ကအနည်းမျှသာဖြစ်သော်လည်း ဆောင်းသည်သာ အေး
စိမ့်နေအောင်အေးခြင်းဖြစ်၏။

အိမ်သစ်ဆိုင်သစ်မှာ လူကြီးတွေပြင်ဆင်နေရာချနေချိန် ကျွန်မကတော့ ဆိုင်ရှေ့ခုံတန်းမှာထွက်ထိုင်နေမိသည်။
အထူးတလည်ကြည့်နေသည့်အရာမရှိဘဲ ထိုင်ရုံထိုင်နေသည်ပေါ့။

အေးစိမ့်လွန်းသော ဒီဇင်ဘာရဲ့အအေးဒဏ်ကြား အနည်းငယ်အထီးကျန်သလိုခံစားလာရတယ်။

တောင်တွေး​မြောက်တွေးနဲ့ အတွေးလေလွင့်နေတဲ့အချိန်....၊ ကျွန်မအရှေ့ကို လူတစ်ယောက်ရောက်လာပါတော့သည်။

My Love In NovelWhere stories live. Discover now