𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 33
''မူးဝေတာမျိုးဖြစ်နေလားသခင်မလေး''
''မဖြစ်ဘူး''
''ဒါဆိုအဆင်ပြေပါပြီး...ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး...''
''ကျွန်မတစ်ယောက်တည်းအနားယူချင်နေတယ်...၊ နုံနေသလိုလိုကြီးဖြစ်နေသေးတယ်...''
''အဲဒါအိပ်ချိန်များသွားလို့ပါသခင်မလေး...၊ နိုးနေပြီးဆိုတာကို ခန္ဓာကိုယ်ကသိအောင်နည်းနည်းပါးပါးလှုပ်ရှားရင် ရပါပြီး''
သူမခေါင်းသာညိတ်ပြရုံ...။
သမားတော်ကလည်း ဆေးပစ္စည်းတွေပြန်သိမ်းပြီး ဈန်တို့ကိုဂါရဝါပြုကာထွက်သွားခဲ့သည်...။
ဈန် မွေ့ရာစပ်မှာဝင်ထိုင်၍ သူမပါးပြင်လေးဆီကိုင်သွယ်ဖို့လုပ်စဥ် ရုတ်တရပ် အကြောင်းမရှိဈန်ရဲ့လက်ကရပ်တန့်သွားသည်...။
သူ့မျက်စိရှေ့က ရိုစ့်ကိုအတန်ကြာကြောင်
ကြည့်နေမိသလို ရိုစ့်ကလည်းသူ့အားခပ်တည်တည်ပဲပြန်ကြည့်နေ၏...
''ကျွန်မကို ပြောစရာရှိလို့လား''
လို့ ရိုစ့်ဘက်က မေးလိုက်တော့လည်း ထွေထွေထူးထူးမဖြေပဲ ခေါင်းသာခါပြ၏။ လက်ကိုလည်းပြန်ရုတ်သိမ်းလိုက်ကာ..
''ဘာမှမဟုတ်ပါဘူး...၊ အနားယူလိုက်ဦး...''
လို့ပြော၍ အခန်းအပြင်ကိုတည့်တည့်မတ်မတ်ထွက်သွား၏..။
အခန်းထဲမှာရပ်ကျန်နေသောရေးစ်ပင် ဈန်ကိုနားမလည်နိုင်စွာ ခေါင်းကုတ်မိရင်း သူနောက်ကိုလိုက်သွားကာ...
''ဈန်...ဘာဖြစ်တာလဲ''
အခန်းအပြင်ရောက်တော့ ချက်ချင်းမေးလိုက်၏...။
''သခင်မလေး အနားမှာ မနေပေးဘူးလား...၊ ရုတ်တရပ်ကြီးဒီလိုထွက်လာလို့ မကောင်းဘူးလေကွာ...''
အကျိုးသင့်အကြောင်းသင့်ပြောပြနေတဲ့ အကိုစကားဆီ ဈန်အာရုံမရောက်...။
သူ့အတွေးထဲမှာပဲအာရုံအပြည့်အဝရောက်နေတဲ့အခါ...
''ဈန်!!"
သူ့ပုခုံးကိုရေးစ်ပုတ်ခေါ်မှ အသိဝင်ကာ ရေးစ်ဆီအလန့်တကြား ကြည့်မိ၏...။
YOU ARE READING
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)
