ဘုရားသခင်ကိုစိန်ခေါ်သူ

373 14 5
                                    

𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝

Episode 6


ခေါင်းဆောင်မင်းသမီး!!!
ဘယ်လ်ဘိုင်အိုလက်စ်!!!

မျက်လုံးအပြူးသားပင်ရိုစ့် ​ကြည့်နေမိပါတယ်။
မိန်းကလေးချင်းတောင်ငေးမောရလောက်အောင်လှရက်သောမိန်းကလေး...။

ခေါင်းဆောင်မင်းသမီးပီသ၏...။
ကြွေသွင်းစရာမလိုပဲကြွေရုပ်လို့တောင်ထင်ရတော့မဲ့အသားအရေလေးများ...။
အပြစ်အနာအဆာဟူ၍ရှာလို့မရနိုင်သောမျက်နှာလေး...။
ကြည်လင်တောက်ပသောမျက်လုံးလေးများဟာ အခုအချိန်မှာတော့စူးစူးရှရှဖြစ်နေလျက်..
နှုတ်ခမ်းနုနုလေးများကိုလည်းဖိကိုက်ထားလျက်...

''ဒါဘာလုပ်တာလဲ!!! အခုချက်ချင်းငါ့လက်ကိုလွှတ်စမ်း!!"

ဘယ်လ်အတင်းဆွဲထားသောလက်ကိုသူမအတင်းခါချ၏..။

အစကတော့လွှတ်မပေးချင်ပဲဘယ်လ်သူမကိုစိုက်ကြည့်နေပေမဲ့ အတင်းကိုရုန်းနေတာမို့လွှတ်ပေးလိုက်ကာ...။

''တောက်စ်!!!''

ဘယ်လ်ကိုစူးစူးဝါးဝါးကြည့်လိုက်ပြီး
ဘယ်လ်ရဲ့အိမ်တော်တံဆိပ်ကိုကြည့်လိုက်ပါသည်..။

''ဟိုးးး..ဘယ်အိမ်တော်ကလဲမှတ်တယ်...၊ဘိုင်အိုလက်စ်အိမ်တော်ကသခင်မလေးကိုး''

လေသံကအခုထိအထက်စီးကဖြစ်ပြီး
ဘယ်လ်ကိုအထင်သေးသေးကြည့်နေလျက်..။

ဘယ်လ်ကသူမဘယ်လိုကြည့်ကြည့်ဂရူမစိုက်ပါပဲ...

''ကျွန်မဒီအင်္ကျီဆိုင်ရဲ့ VIP အဖွဲ့ဝင်ဖြစ်တာကြာပါပြီး...၊ တစ်ခါမှဒီလိုစည်းမျဥ်းရှိတာမကြားဖူးပါဘူး''

''အိုးးး..ဒါကတော့ သခင်မလေးလို့
တရားမဝင်သမီးတစ်ယောက်ကို ကျွန်မတို့က စည်းမျဥ်းတွေပြောပြစရာလား...၊ စည်းမျဥ်းတွေပါ အဆင့်နှိမ့်ပြီးတရားမဝင်ဖြစ်ကုန်မှာပေါ့''

ဘယ်လ်စိတ်တိုသွားတာသိသာ၏။
မျက်ဝန်းလေးများလှစ်ခနဲ့တော​က်သွားတာကိုရိုစ့်မြင်လိုက်တယ်...။
ဒါပေမဲ့ရင့်ကျက်သူပီပီသူမသည်းခံလိုက်ပုံရသည်..။

My Love In NovelWhere stories live. Discover now