𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 19
လွန်ခဲ့သော သုံးရက်က...။
သူတရွတ်တိုက်ဆွဲလာသောလက်ကောက်ဝတ်တောင်နာလာပြီး...။
''အရှင့်သား...လက်ကို...လွှတ်ပေးပါဦး''
အာ့..။
ဘယ်လိုပဲရုန်းရုန်း ဖိကိုင်ထားသော သူ့ရဲ့လက်ကနေ လွတ်မြောက်ဖို့မဖြစ်နိုင်ပါ...။
ရိုစ့်နေတဲ့အခန်းအထိကိုဆွဲခေါ်လာပြီး အခန်းထဲရောက်ကာမှလက်ကိုလွှတ်လိုက်၏...။
ရိုစ့်လည်း လက်ကောက်ဝတ်လေးကို အနာပြေ ပွတ်သပ်မလားပဲရှိသေး... သူက ရိုစ့်ကိုယ်လေးကိုနံရံနဲ့တသားတည်းဖိကပ်ပစ်သည်...။
''အာ့...နာတယ်''
ကျောပြင်နဲ့နံရံဆောင့်မိသလိုဖြစ်တာကို နာတာပေါ့...။
ရိုစ့်စိတ်တိုလာပြီး သူ့ဆီစူးခနဲ့ကြည့်တော့
သူ့ကလည်း ရိုစ့်မျက်နှာဘေးမှာ သူ့လက်တစ်ဖက်ကိုထောက်ပစ်လိုက်ကာ ရိုစ့်ဆီအားရပါးရ စူးစူးစိုက်စိုက်ကြည့်သည်...။
''အရှင့်သားတရားလွန်နေပြီးနော်...''
''ဟုတ်လား...ပြောကြည့်စမ်းပါဦး၊ ဘယ်လိုတရားလွန်လဲဆိုတာ...''
မျက်နှာဆီထပ်တိုးကပ်မေးတော့ ရိုစ့်ရင်ထဲထိတ်သွားရသည်...။
သူငါ့ကိုကြည်စားပြီး လှောင်ပြောင်မလို့လား...ဒါမှမဟုတ်။
''ပြောလေ...ပြောကြည့်စမ်းပါ၊ ငါကတရားလွန်လား မင်းကစည်းကျော်နေလားလို့သိရအောင်''
''ကျွန်မဘယ်မှာစည်းကျော်လို့လဲ...''
''ဘယ်နေရာစည်းကျော်လဲဟုတ်လား...၊ ဟိုတစ်ရက်က ငါမင်းကိုသေချာသတိပေးပြီးပြီးလေ...ဘိုင်အိုလက်ကိစ္စထဲဝင်မပါရဘူးလို့''
''ကျွန်မလည်းအရှင့်သားပြောတာလက်မခံခဲ့ဘူးလေ...သခင်မလေးဘိုင်အိုလက်ကိစ္စထဲ ကျွန်မဝင်ပါမှာကို အရှင့်သားကဘာလို့ဒီလောက်တောင် မလိုလားဖြစ်နေရတာလဲ...၊ ချစ်ကြည်ရေးကိစ္စပြီးကတည်းက အရှင့်သား ကျွန်မကိုမျက်မုန်းကျိုးနေသလိုခံစားရတယ်''
ВЫ ЧИТАЕТЕ
My Love In Novel
Любовные романыRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)
