𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 43
နောက်ကိုခြေလှမ်းဆုတ်လိုက်စဥ် ခလုတ်တိုက်ကာ ဖင်ထိုင်ရပ်လေးကျသွား၏...။
ထိုလူရဲ့ဓားဦးဟာ ရိုစ့်ဆီရွယ်ထားသော်လည်း ရှေ့ကိုဆက်မတိုးပါ...။သူက ရိုစ့်ကို ခနဲ့ပြုံးတစ်ချက်ဖြင့် လှောင်ရယ်ပြုံးလိုက်ကာ...
''ကြည့်စမ်းပါဦး...ကြည့်စမ်းပါဦး၊ တစ်မိုးအောက်ကအတောက်ပဆုံးဆိုတဲ့ တစ်ယောက်တည်းသော စကားလက်စ်သခင်မလေးက အခုတော့ပုံပျက်ပန်းပျက်ဖြစ်လို့ပါလား...''
ရိုစ့်ကိုအတွင်းကျကျသိနေတဲ့သူအတိုင်းပြော၏...။
ရိုစ့်ကတော့သူဘယ်သူလဲခန့်မှန်းမရနိုင်...။သာမန်ရုပ်ရည်ပဲရှိပေမယ့် စစ်သားတစ်ယောက်ပီပီအသားညိုညို အရပ်မြင့်မြင့်ဗလတောင့်တောင့်ဖြစ်၏...။
''နင်!!!ဘယ်သူလဲ...''
ရိုစ့် မေးလိုက်သော အရိုးရှင်းဆုံးမေးခွန်းဟာ သူ့ဒေါသကိုမီးပွင့်သွားစေသည်...။
ဒေါသက နထင်းကိုတက်ဆောင့်သွားပြီး သူ့ရဲ့လက်ဖဝါးကြီးကြီးဖြင့် ဆံပင်အုံကိုဆွဲ
ဆောင့်ပစ်၏...''အား!!!"
မညှာမတာဆွဲဆောင့်သည်မှာ ခေါင်းတစ်ခုလုံးကျိန်းထွက်၍ ဆံပင်တွေပါကျွတ်သွားပြီးထင်ရသည်...။
''အား!!! လွှတ်စမ်း လူယုတ်မာကောင်!!လူမဆန်တဲ့ကောင်!!''
နာနေသော်လည်း ဆဲဆိုပစ်သည်...။
သူက ဆံပင်ဆွဲထားတဲ့အတိုင်းတရွတ်တိုက်ဆွဲခေါ်၏...ရိုစ့်လည်းသူဆွဲခေါ်ရာကို အရုပ်တစ်ရုပ်အတိုင်းလိုက်ပါသွားရလျှင်...''အာ့!!"
စားဖိုဆောင်တံခါးကိုဖွင့်ကာ အခန်းအတွင်းဆီ ရိုစ့်ကိုအထုတ်တစ်ထုတ်လို့ ပစ်ထည့်၏။
ကြမ်းပြင်ပေါ်အကြမ်းပတမ်းတွန်းထိုးခြင်းခံလိုက်ရတော့...
''သခင်မလေး!!"
ရိုစ့်နားကို အပြေးကလေးလာ၍ ရိုစ့်ကိုလာထူသူမှာ အားဒီဖြစ်နေခဲ့ပြီး...
''အားဒီ!!"
အားဒီကိုတွေ့ကာမှ အားဒီနောက်မှာအစုလိုက်အပြုံလိုက်ရှိနေသော မင်းသမီး
ဟာနွန်းအပါအဝင် သူနာပြုအဖွဲ့နှင့် စားဖိုမှုးများကိုမြင်တော့၏...။
YOU ARE READING
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)