𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 12
''မိဖုရားကြီးဆီက ဖိတ်စာ!!!!"
ခြေဖျားလက်ဖျားတွေ အေးစက်သွားသည့်အလားပင် ရိုစ့်ရင်ထိတ်သွားရ၏...။
ဘေးကအားဒီကလည်းရိုစ့်ရဲ့မျက်နှာအခြေအနေကိုသုံးသပ်လိုက်ပြီး...''သခင်မလေး...မသွားချင်ဘူးလားဟင်''
''မိဖုရာကြီးခေါ်တာမသွားပဲနေလို့ရမလား!!
ဆင်ခြေတွေပေးလိုက်ရင်လည်း မာနကြီးတယ်...မလေးစားဘူး ဆိုတဲ့သတင်းတွေကြီးသွားလိမ့်မယ်''နဂိုတည်းက ရိုစ့်ကလည်းမကောင်းသတင်းတွေကြီးနေတာနဲ့...။
ရိုစ့်ရဲ့မကောင်းသတင်းကို ငွေပေးပြီးလွင့်ပစ်ခဲ့တာငါကိုယ်တိုင်ပဲကိုး...။
ဈန်နဲ့လက်မထက်ချင်လို့ သတင်းတွေလွင့်မိပါတယ်...။
အခုတော့ ကိုယ်ရှုးကိုယ်ပြန်ပတ်ပြီးပေါ့...။''ဟင်းးး...''
''ပွဲက သဘက်ခါပဲသခင်မလေးရဲ့...၊ အဝတ်အစားတွေပြင်ဆင်ခိုင်းလိုက်ရမလားဟင်''
''အင်း...အားဒီပဲအကုန်စီစဥ်လိုက်ပါတော့''
စိတ်ပျက်လက်ပျက်လေးနဲ့အားဒီကိုပဲ တာဝန်လွဲပေးလိုက်တော့၏...။
သူမကတော့ ကုတင်ပေါ်မှောက်ရပ်ကြီးပစ်လဲပစ်လိုက်ကာ...ဘယ်တတ်နိုင်မှာလဲ...။
လာမဲ့ဘေးကို လာထားအာဘွားဆိုပြီး ပြေးတွေ့ရတော့မှာပေါ့...။''ဟင်းးးး...''
တော်ဝင်ပန်းတိုင်းပြည်ရဲ့မိဖုရားကြီး...
တချိန်က အင်အားကြီး စော်ဘွားမျိုးနွယ်ရဲ့မင်းသမီး...စောရမ်...။တစ်ချိန်က သူမသည်တိုင်းပြည်ရဲ့အလှပဆုံးအနက်ရောင်နတ်သမီးလို့တင်စားခဲ့ကြတယ်...။
ပက်ပက်စက်စက်လှခဲ့ပြီး အရမ်းကိုရက်စက်တဲ့မိန်းမတစ်ယောက်ပေါ့...။
အတ္တကြီးတယ်...မနာလိုစိတ်ကြီးတယ်...။
သူမလိုချင်သမျှအားလုံးကိုသိမ်းပိုက်တတ်သော လိုချင်တပ်မက်မှုကြီးမားတယ်...သူမတို့အချိန်အခါက မိဖုရားခေါင်ကြီး
စောရမ်သည်အနက်ရောင်နတ်သမီး...
မိဖုရားငယ်ဖီးဆယ်ရာ ကတော့အဖြူရောင်နတ်သမီးလို့တင်စားသမုတ်ခဲ့ကြတယ်...။
YOU ARE READING
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)