𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 13
''အရှင့်သား!! အရှင့်သား...''
အိပ်ခန်းထဲတန်းဝင်ခဲ့သော ဈန်နောက်ကို နော့စ့်ရော ဆာ့စ်ရော လာလိုက်ခဲ့၏...။
အခန်းထဲရောက်တာနဲ့ ကုတင်ခြေရင်းမှာထိုင်ချလိုက်တော့ဈန်ကြောင့်...''အရှင့်သား!!"
''ဟင်းးး..ငါဘာမှမဖြစ်ဘူး...အဆင်ပြေတယ်''
အဆင်ပြေတယ်သာပြောတာ သူ့လက်တွေတုန်နေ၏...။
''မဖြစ်တော့ဘူး...ဆာ့စ် သမားတော်ကြီးကိုသွားခေါ်ခဲ့''
''အင်း...''
ဆာ့စ်ချက်ချင်းပြေးထွက်သွားသည်...။
နော့စ်က ကြမ်းပြင်ပေါ်မှာပဲထိုင်နေသော ဈန်ရဲ့ရှေ့မှာထိုင်လိုက်ကာ...''အရှင့်သား...စိတ်အေးအေးထားပါ၊ အားလုံးအဆင်ပြေသွားမှာပါ...ပန်းခင်းအဆင်ပြေပါတယ်....''
''အမေ...အမေက!!"
သူ့မျက်ရည်တွေမျက်ဝန်းထဲရစ်ဝိုင်းလာပါသည်...။
ပန်းတစ်ပွင့်မီးလောင်ပျက်စီးသွားခြင်းဟာ သူ့ကိုရှော့အကြီးကြီးရစေသည်...။သူ့ကြောင့်သေသွားရတဲ့သူ့ရဲအမေ...။
သူမရဲ့နောက်ဆုံးပုံရိပ်များကိုပဲ အကြိမ်ကြိမ်မြင်ယောင်နေရင်းးးအမေ....။
(ဈန်...သားလေး)
(မခေါ်နဲ့!!! အမေ့ကိုကျွန်တော်အရမ်းမုန်းတယ်...၊ ဘာလို့သားက ထီးနန်းနဲ့မထိုက်တန်ရမှာလဲ...သားက အကိုတော်ထက် ပိုပြီးပါရမှီပါတယ်...အကိုတော်ထက်အရာရာမှာထူးချွန်တယ်..အဲဒါတောင် အမေကဘာလို့ အကိုတော်ရဲ့ဓားတစ်လက်ပဲဖြစ်ခိုင်းနေရတာလဲ!)
(မဟုတ်ဘူး...သားကဘုရင်ဖြစ်လို့မရလို့ပါ...၊ သား...အကိုတော်ရေးစ်နဲ့ရန်ဖြစ်လို့မဖြစ်ဘူးနော်...အမေပြောတာကိုနားထောင်ပါ...သားရယ်...)
(နားမထောင်ဘူး...သားလည်းအဖေရဲ့နေရာကိုယူပြီး ဒီတိုင်းပြည်ရဲ့အမြင့်ဆုံးနေရာမှာထိုင်ချင်တယ်လို့!!)
(ဈန်!!! ဒါ မင်းအရွယ်လေးနဲ့ပြောရမဲ့စကားလား!!? မင်းက မင်းက တကယ်ဂြိုလ်ကောင်ပဲ!!? တော်ဝင်မိသားစုတစ်ခုလုံးကို သွေးမြေကျအောင်လုပ်မဲ့ဂြိုလ်ကောင်ပဲ!! ငါမင်းကိုမွေးမလာသင့်ဘူး!!)
YOU ARE READING
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)