𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 20
''မင်း!!! ရိုစ့်..စကားလက်စ်!?
''ဟုတ်တယ်...ကျွန်မက စကားလက်စ်အိမ်တော်က ရိုစ့်စကားလက်စ်ပါ''
မော်ကြွားနေသော အပြုံးနှင့် ပိုင်ပိုင်နိုင်နိုင်ပြောပစ်သည်...။
ဟားးး...ဘယ်လောက်ကြာကြာ ငါ့ရဲ့သရုပ်ဆောင်စွမ်းရည်လေးတွေက ကျကို
မကျဆင်းဘူး...။''မင်း!!"
လူစီဒေါသတွေ ထစ်ခနဲ့ ပေါက်ထွက်ကာ ရိုစ့်ကိုအန္တရာယ်ပြုဖို့ခြေလှမ်းအစပျိုးမယ်ရှိသေး...။
ခွန်းနယ်က ရိုစ့်ရှေ့ပိတ်ရပ်လိုက်ပြီး မှော်စွမ်းအားကိုပါအသင့်ထုတ်ပစ်လိုက်ကာ...
''သခင်မလေးဆီ အတင့်ရဲကြည့်လိုက်လေ...မင်းကိုတစ်စစီလုပ်ပြမယ်''
ဝါးးးးး ခွန်းနယ်အရမ်းမိုက်တာပဲ!!!
''ဘာလုပ်နေကြတာလဲ!!!အခုချက်ချင်း ဘိုင်အိုလက်မိသားစုတစ်ခုလုံးကိုဖမ်းလိုက်စမ်း!!"
ချက်ချင်းဆိုသလို ရေးစ်က စစ်သည်များကိုအမိန့်ပေးပစ်လိုက်သည်...။
တစ်မိသားစုလုံးဆီဓားဦးများပတ်ပတ်လည်ခြံရံထားသည်ဆိုတော့...''အရှင့်သား!!! ဒါဘယ်လိုလုပ်ရပ်မျိုး''
''ခင်ဗျားတို့ကိုဖမ်းလိုက်တာလေ သခင်ကြီးဘိုင်အိုလက်...ဘယ်လ်ကို ရက်ရက်စက်စက်သတ်ခဲ့တဲ့အပြင် အလောင်းကိုပါဖျောက်ပစ်ဖို့ကြံစည်ခဲ့ကြတဲ့အပြစ်...ဘယ်လိုပေးဆပ်ရမယ်ဆိုတာ စဥ်းစားကြည့်စမ်းပါ''
''အ...အရှင့်သား!!? ကျွန်တော်မျိုးတို့အဲလိုကိစ္စမျိုးကို ဘယ်တုန်းကမှ..''
''လုပ်ခဲ့မလုပ်ခဲ့ဆိုတာကို ဘယ်လ် ဆီတိုက်ရိုက်မေးကြည့်ကြတာပေါ့''
''ဘာ!!''
''ဘယ်လ်ကမသေသေးဘူးလို့ပြောချင်တာလား!!"
''သူအခုဘယ်မှာလဲ!!"
လို့လူစီ အော်မေးပစ်လိုက်သည်...။
ထိုအခါရေးစ်ကလူစီနားကပ်သွား၍...''မင်းသေတာတောင်သူ့ကိုထပ်မတွေ့စေရဘူး''
အံကြိတ်ဒေါသကနေထွက်တဲ့စကားတစ်ခွန်းဟာရဲ့ ဖိအားဟာအတော်ပြင်းထန်သည်...။
လူစီ ဘာမှပြန်တုန်ပြန်နိုင်တဲ့စကားမရှိပါပဲ...

YOU ARE READING
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)