𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 27
နွေးနေတာပဲ...။
ငါ့ရဲ့မွေ့ရာကအရင်ကထက်လည်း ပိုပြီးမွှေးနေသလိုလို...။
အိပ်ချင်မူးတူးလေးဖြင့် မျက်လုံးလေးများကိုဖွင့်၏...။
ထိုစဥ်ရိုစ့်မျက်စိရှေ့တည့်တည့်ရှိနေသောရင်ခွင်ကျယ်ကျယ်သည်....
ဟင့်!!!
အော်မိမယ့်ပါးစပ်ကိုမနည်းပိတ်မိပြီး ခုနကမျက်လုံးမှေးမှေးများဟာအခုတော့
အပြူးအပြဲဖြစ်သွားရသည်..။
အခုထိ အိပ်မောကျနေသေးသောသူ့ကိုမော့ကြည့်သည်...။
အခုထိအိမ်မက်လို့ပဲထင်နေသေးသောမနေ့ညကအဖြစ်အပျက်များကြောင့်မျက်နှာလေးနီမြန်းလျက်...။
ဈန်ကငါ့ကိုချစ်သည်တဲ့လား...။
တကယ်ပဲလား...သူ့ငါ့ကိုတကယ်ချစ်တယ်ပေါ့...။
ကျေနပ်ပီတီများဖြင့်ပြုံး၍ သူ့ရင်ခွင်ထဲတိုးဝင်မိသည်...။
ဈန်...ချစ်တယ်...အရမ်းချစ်တယ်...။
သူ့အားပိုပိုတင်းကြပ်စွာဖက်သည်...။
ထိုအခါ ဈန်ဆီက ညီးသံလေးကြားတဲ့အခါ
ရိုစ့်ပြုံးစိစိလေးကြိတ်ရယ်မိရင်းးး
''အင့်...''
အဟွန်း...အိပ်မရအောင်မွှေပစ်မယ်...။
သူ့ရဲ့အင်္ကျီမပါသောရင်ဘတ်ပေါ်ပါးတင်အပ်လိုက်ပြီး...
ဟီးဟီး...ဘယ်လိုတောင်လေ့ကျင့်ထားလို့ဒီလောက်မာနေရတာလဲ...။
''ရိုစ့်......မင်းဆက်ကိုင်နေရင် ကိုယ့်ညကထပ်ပိုကြမ်းမိမယ်နော်''
''ဟင့်!?''
အပြစ်ကင်းသူလေးပမာ သူ့ဆီမော့ကြည့်၏။
ပြီးတော့...
''တောင်းပန်...''
''အဲဒီတောင်းပန်ပါတယ်ကိုပြောရရင်ပိုပိုပြီးတော့...''
''ဒါဆိုဘာပြောရမှာလဲ''
''ဘာမှမပြောနဲ့...''
ဆိုကာသူမကိုယ်လေးကိုတင်းတင်းကြပ်ကြပ်ဖက်၏...။
''ဒီအတိုင်းလေး ငြိမ်ငြိမ်လေးပဲနေ...''
''ဒါပေမယ့်...''
''ငြိမ်ငြိမ်နေဆိုကွာ ကျစ်...''
အံမယ်...လူကို ကျစ်တဲ့...စိတ်မရှည်ဘူးပေါ့လေ...။
ESTÁS LEYENDO
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)
