𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 22
လူပုံအလယ်မှာ မေးတဲ့မေးခွန်းက မကျယ်ပေမဲ့လည်း မတိုးချေ...။
စခန်းထဲက ရှိရှိသမျှလူတွေအားလုံးက တိတ်ဆိတ်ငြိမ်သက်နေတာကြောင့်လည်းပါ၏...။
ရိုစ့်သူ့ကိုဘာပြန်ဖြေရမယ်မသိပါပဲ...ဘာမှမသိရှာသောမျက်ဝန်းလေးများဖြင့် ကြောင်
ကြည့်နေတဲ့အခါ...။
ရုတ်တရပ် လက်ခုတ်သံတစ်ခုပေါ်လာသည်...။
ထိုလက်ခုပ်သံက ရိုစ့်ကိုအနေခက်နေရမှ
ကယ်တင်ပေးလိုက်သလို လက်ခုပ်တီးနေသူမှာအရှင်မင်းကြီးပင်ဖြစ်တော့၏...။
ထိုအခါမှ ဘေးဘီက လူတွေလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ယောင်တတောင်တောင်ပဲ လက်ခုတ်တီးကြတော့သည်ရှိကာ...။
''ဟားဟားဟား....တကယ့်ကိုအံအားသင့်စေပါတယ်...၊ ဒါမှ ငါရွေးချယ်ထားတဲ့ချွေးမလောင်းလေးပေါ့...အဆင့်မြင့်မှော်ကိုတောင် ထိန်းချုပ်နိုင်တဲ့အဆင့်ထိတောင်ရောက်နေပြီးဆိုတော့ အကိုဖြစ်တဲ့ တပ်မှုးလေးရဲ့စံချိန်ကိုတောင်ချိုးခဲ့ပြီးပေါ့...ဟားဟားဟား''
ဘာလဲ!! ငါပစ်လိုက်တဲ့မှော်ကို အကိုကြီးလည်းသုံးတတ်တာပဲပေါ့...။
အဲဒါဆို အရမ်းလည်းကြီးကျယ်မနေပါဘူး။
''ဒါပေမဲ့ ဒီအသက်အရွယ်လေးနဲ့ အဆင့်
အမြင့်ဆုံးမှော်ကိုသုံးနိုင်တယ်ဆိုတော့ သခင်မလေးစကားလက်စ်က ပါရမှီရှင်ထက်တောင်ပိုပြီးတော်မနေဘူးလား...နော် အရှင်''.
မိဖုရားကြီးကလည်း ဘုရင်ကြီးဖာတဲ့လှေကို မမြုပ်မြုပ်အောင် အပေါက်ပြန်ဖောက်၏...။
ရေးစ်ရောဈန်ရော မိဖုရားကြီးဘာလုပ်တော့မယ်ဆိုတာရိပ်မိသည်...။
ရိုစ့်ကို တရားမဝင်မှော်ပညာလိုက်စားသူလို့အမည်တပ်တော့မှာသေချာတယ်...။
တော်ဝင်ပန်းတိုင်းပြည်ကြီးမှာမှော်ပညာနဲ့ပတ်သတ်ပြီး ဥပဒေများစွာရှိပါ၏...။
မှော်ပညာဆိုတာ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး ဆိုတဲ့အတိုင်း အသုံးပြုနည်းကိုမှန်ကန်စွာအသုံးချဖို့လိုအပ်သည်...။
ထိုအပြင်မှော်ပညာဟာ မူးရစ်ဆေးတစ်ခုနှင့်တူ၏...။
စိတ်ကူးလိုက်တာနဲ့ပေါ်ထွက်လာတယ်ဆိုတိုင်းအရာရာကိုစိတ်ကူးပုံဖော်ပြီး မှော်ပညာကိုလွယ်လွယ်လေးလို့မှတ်လိုက်ရင် မှော်ကိုစည်းကမ်းရှိရှိမသုံးတတ်ရာရောက်၏...။
ESTÁS LEYENDO
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)
