𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 15
နစ့်လစ် မာရီနယ်!!!!!။
အိမ်ရှေ့စံမင်းသားရေးစ်ရဲ့သွေးသောက်အကိုလို့တောင်ခင်သောသူ။
တော်ဝင်ပန်းတိုင်းပြည်နဲ့မဟာမိတ်တိုင်းပြည်
မာရီနယ်ပြည်ရဲ့ ဘုရင်!!!!!
သူကဘယ်လိုလုပ်ဒီကိုရောက်နေရတာလဲ..။
''မတွေ့တာကြာပြီးနော် ဈန်...''
''ဟွန်း...ငါက တွေ့ကိုမတွေ့ချင်တာ..''
''ဘာပြောတယ်ကွ...ဒီကလေးစုတ်တော့''
ရိုစ့်ရှေ့မှာတောင် ဈန်နဲ့တရင်းတနှီးနေနေသူသည် အိမ်ရှေ့စံမင်းသားရဲ့သွေးသောက်အကိုတစ်ယောက်ဖြစ်သည်...။
ဈန်နဲ့လည်းရင်းနှီးတယ်ထင်ပါရဲ့...။
''အကိုတော်ကို ဒီအထိ လာရှာတာလား...''
''မဟုတ်တာ...လာမဲ့ချစ်ကြည်ရေးပွဲကို မင်းအကိုမကူညီနိုင်လို့ ငါ့ကိုတကူးတကအကူညီတောင်းထားတာလေ...သူ့ညီလေးကို ကူညီပေးပါဆိုပြီး...''
''ဟွန်း...အကိုတော်တို့တော့အပိုတွေလုပ်ပြီး''
''အပိုလုပ်စရာလားဈန်ရာ...မင်းက ဓားကိုင်ဖြေရှင်းတဲ့ကိစ္စတွေမှာပဲ ပရိုကျတာလေ...၊ ချစ်ကြည်ရေးပွဲတွေလို့ အပြုံးတစ်ခု၊ ဂါရဝတစ်ခုနဲ့ဖြေရှင်းရတဲ့ပွဲတွေမှာတော့ အဆင်မပြေနိုင်တာ မင်းအကိုလောက်ဘယ်သူမှသိမှာမဟုတ်ဘူး...''
ပြောရင်း နစ့်လစ်ရဲ့ အကြည့်များဟာရိုစ့်ဆီရောက်သွားပါသည်...။
''သခင်မလေးစကားလက်စ်ကို နှုတ်ဆက်လိုက်ပါတယ်နော်...''
''အ...ဟုတ်ကဲ့...၊ ရုတ်တရပ်သတိလက်လွတ်ဖြစ်သွားမိပါတယ်...''
ပြောပြီး ရိုစ့်ကသူ့ဆီမတ်တပ်ထရပ်၍ ဂါရဝထပြုရသည်...။
''အရိုအသေပေးပါတယ်...အရှင်မင်းကြီးမာရီနယ်...''
''ဟားဟားးး...ဒီလိုကြီးနှုတ်ဆက်လိုက်တော့ အရမ်းသူစိမ်းဆန်သွားသလို ခံစားရပါလား''
''ကျွန်တော်မျိုးမတို့လည်း အထူးတလည်ရင်းနှီးနေကြတာမှ မဟုတ်တာရှင့်...၊ ဒါဆိုရင်ကျွန်တော်မျိုးမမှာ အခြားကိစ္စမရှိတော့ပါဘူး...အရှင့်သား...ကျွန်မကိုခွင့်ပြုပါဦး''
YOU ARE READING
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)
