𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 39
တချိန်းချိန်းမိုးချုန်းသံများကြား အားပေးသူမဲ့သော သွေးအေးတိုက်ပွဲတစ်ခုစတင်တော့မည်။
''ဒီနေ့ကို ကျွန်တော်မျိုး စောင့်မျှော်နေခဲ့တာ...''
''ဟုတ်လား...ဒါဆိုလည်းသေချာဂုဏ်ပြုလိုက်ပါ၊ဒီနေ့က မင်းရဲ့သေနေ့ပဲ...''
မာန်ဖီဝင့်နေသောမျက်ဝန်းများနှင့် ဈန်ရဲ့စကားကို သူဟားတိုက်ရယ်၏...။
''သိပ်ပြီးကိုယ့်ကိုယ်ကိုယ်အထင်ကြီးမနေပါနဲ့ မင်းသားဈန်...၊ မင်းအနောက်က မင်းဇနီးလောင်းလေးကိုတောင် ငါ့ထောင်ချောက်ကနေ ကပ်သီးလေးကယ်လိုက်နိုင်တာမလား...''
ဒေါသထွက်အောင်ဆွသောစကားဆိုပေမယ့်မှန်နေပါ၏...။
ဈန်မငြင်းဆန်ပဲ...
''ဟုတ်တယ်...ငါထောင်တဲ့ထောင်ချောက်လို့ထင်ထားတာ...၊ အရာအားလုံးမင်းကြိုးဆွဲနေမှန်းမသိခဲ့တာအမှန်ပဲ...''
''ကဲ..ဝန်ခံလိုက်တယ်ပေါ့...ဟားဟားဟား...ကျုပ်က နဂိုတည်းက လူတွေကိုလှည့်စားတဲ့နေရာမှာတော်တယ်လေ...''
''အင်း...မင်းသိပ်တော်ပါတယ်''
မင်းကြောင့် ရိုစ်ကိုဆုံးရှုံးသွားဖို့နည်းနည်းလေးပဲ...။
ဒီနေ့အဖြစ်အပျက်များရဲ့ နောက်ကွယ်ကဇာတ်လမ်းများဟာ လွန်ခဲ့သောတစ်လကဖြစ်သည်...။
လွန်ခဲ့သော တစ်လက...
လေသင်္ဘောအဖွဲ့အစည်းတွင်...
''ဟုတ်ကဲ့...နားလည်ပါပြီးခေါင်းဆောင်၊
အမိန့်အတိူင်းပါခေါင်းဆောင်''''ဒါဆို ငါပြန်ရတော့မယ်...၊ မင်းတို့ကိုယုံကြည်ပြီးစိတ်ချမယ်နော်''
နားချဖြောင်းဖြပြောဆိုတဲ့ စကားအားလုံးကိုလက်စသတ်ပြီးပြန်မယ်အလုပ်...
''ခဏလေးခေါင်းဆောင်...ခေါင်းဆောင်ကိုတင်ပြစရာကိစ္စရှိပါတယ်''
''ဘာကိစ္စလဲ...''
''အဲဒါက ခေါင်းဆောင်ကိုယ်တိုင်ပဲ လာဝင်ကြည့်ပေးပါ''
VOCÊ ESTÁ LENDO
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)