𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 42
''ဆာ့စ် ပြန်လာပြီးဆို...''
''ဟုတ်ကဲ့သခင်မလေး''
ကုန်သည်ကြီးအဖွဲ့ကနေ ပြန်လာတဲ့ ဆာစ့်ဆီ ရိုစ့်အလျင်အမြန်လေးပြေးလာခဲ့၏...။
ပြီးတော့တွေ့တာနဲ့...''ဆာစ့်!!! တေးရဲ့အခြေအနေဘယ်လိုလဲဟင်...သူသက်သာရဲ့လားဟင်...သူအဆင်ပြေရဲ့လား၊ သူလုံလုံခြုံခြုံရှိပါတယ်နော်''
မေးခွန်းများက တစ်ရက်ဆက်ပင် ဖြစ်တာမို့ ဆာစ့်ပြုံးမိပြီး...ခေါင်းလေးကိုအသာညိတ်လိုက်ကာ...
''ဟုတ်ကဲ့...သခင်မလေးစိတ်မပူပါနဲ့တော့...၊တေးအဆင်ပြေပါတယ်...အခုကုန်သည်ကြီးတို့နဲ့အတူတူလုံလုံခြုံခြုံရှိနေပါတယ်...''
''သူ့ဒဏ်ရာတွေကရော...''
''သေချာကုသထားပါတယ်...သူကလည်းအံ
သြစရာကောင်းလောက်အောင် ပြန်ကောင်းလွယ်နေတော့ အားလုံးကအံသြနေကြတာ...''''ဟုတ်လား...ဟင်းးးး''
အခုမှသက်ပြင်းကြီးကိုချနိုင်လေသည်...။
''တော်ပါသေးတယ်....တကယ်တော်ပါသေးတယ်...၊ ကျေးဇူးတင်ပါတယ်နော် ဆာစ့် တေးကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်...''
ရိုစ့်ခေါင်းပင်ငုတ်ကာကျေးဇူးတင်တော့
ဆာစ့်လည်းလှုပ်လှုပ်ရပ်ရပ်ဖြစ်သွားရကာ...''မဟုတ်တာသခင်မလေးရယ်....ဒီလိုတော့မလုပ်ပါနဲ့...၊ ကျွန်တော့်ကတာဝန်အရ ကူညီရတာပါ...''
''တာဝန်အရဆိုရင်တောင် ဆာစ့်က ကျွန်မတန်ဖိုးထားရတဲ့သူကိုကယ်တင်ခဲ့တာလေ...ကျွန်မဦးညွန့်ထိုက်ပါတယ်...''
လို့ မျက်ရည်လေးလည်လည်နှင့် ပြောတဲ့ ရိုစ့်ကို ဆာစ့်လေးစားချစ်ခင်မိပါသည်...။
''ကျွန်တော်လည်းသခင်မလေးကိုကျေးဇူးတင်ပါတယ်...''
''ဟင်!? ဘာကြောင့်လဲဟင်??''
''ကျွန်တော်တို့အရှင့်သားအတွက် အသက်ရှင်ပေးလို့ပါ...၊ ကျွန်တော်တို့အရှင့်သားရဲ့အဖော်မွန်အဖြစ်နေပေးလို့ပါ...''
ESTÁS LEYENDO
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)