𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 30
ညသန်းခေါင်ယံဖြစ်၏...။
''အင့်...''
နာကျင်နေသောခန္ဓာကိုယ်နှင့် နူးနူးညံညံအိပ်ရာပေါ်ကနေ ကုန်းရုန်းထလိုက်သည်...။
ထိုအခါသူ့နဖူးပေါ်ကနေပုဝါတစ်ထည်ပြုတ်ကျလာ၏...။ရေစိုပုဝါတစ်ထည်ဖြစ်ပြီးအခုကျတော့ ခြောက်လုနီးပါးဖြစ်နေလျက်...။
ပြီးတော့မွေ့ရာစပ်မှာခေါင်းတင်အိပ်ပျော်နေသော ကော့တေးကြောင့် ရယ်ဘာစိတ်ကိုရှုပ်သွားစေသည်...။လူသားအနွယ်ဝင်တွေက တကယ်ကိုစိတ်ပျက်စရာကောင်းတယ်...။
ဒီတိုင်းပြည်ကိုဖျက်စီးပစ်မယ်...။
အမေ့ကိုသေစေခဲ့ပြီးမှ ရခဲ့တဲ့ ဒီတိုင်းပြည်ရဲ့အနာဂတ်လှလှကြီးကို ငါ့လက်နဲ့တစ်စစီဖျက်စီးပစ်မှာ...။အဲဒီအတွက် သခင်မလေးကော့တေး မင်းကငါ့ရဲ့နယ်ရုပ်သေးသေးလေးကလွဲပြီးဘာမှမဟုတ်ဘူး...။
ဒါပေမယ့် မင်းလည်းအခုအသုံးဝင်တော့မှာမဟုတ်ပါဘူး...။ဈန်အဲလက်ဂန်ဆိုတဲ့ယောင်္ကျားရဲ့နှလုံးသားက ရိုစ့်စကားလက်စ်ဆိုတဲ့မိန်းမဆီမှာပဲရှိနေတယ်ဆိုတော့လည်း...
စိတ်ပျက်ပျက်နဲ့စောင်ကိုဖယ်ပစ်လိုက်စဥ် သူ့ရဲ့အင်္ကျီစလေးကိုဆုတ်ကိုင်ထားသော
ကော့တေးကြောင့် သူကြောင်သွားသည်...''အွန့်...အိပ်လို့မဖြစ်ဘူး...''
ဘာပြောတာလဲမသိ...၊ အိပ်ရင်းစကားပြောနေတာပဲ..။
ဟင်းးး ဒီငတုံးမတော့...၊ ဘာတွေယောင်နေပြန်လဲမသိဘူး..။
သူမလက်ထဲကသူ့အင်္ကျီစကိုဆွဲယူတော့ ဆွဲယူမရ...အတင်းကိုဆွဲထား၍...''အွန့်...အဆင်ပြေတယ်...ငါရှိတယ်''
''ဟင်??? ဘာတွေပြောနေတာလဲ...''
''ဘာမှမကြောက်နဲ့''
ပြော၍ သူ့အင်္ကျီစကိုပိုပိုတင်းဆုတ်စွာကိုင်သည်...။
ထိုအခါမှ ရယ်ဘာသူမဘာပြောနေတယ်ဆိုတာကြားပါပြီး...။
မင်းကတကယ်ငတုံးမပဲ...။
ဘာတစ်ခုမှသုံးစားမရတဲ့ငတုံးမ...။
မလုပ်ရဲတဲ့ကိစ္စတွေကိုလည်းလက်ရဲဇက်ရဲလုပ်တတ်ပုံဖမ်းပြီး လူကြမ်းမ လုပ်ချင်နေတဲ့သူ...။
YOU ARE READING
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)