𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 40
''အာ့...နာတယ်..''
ဒဏ်ရာအပေါ် အရက်ပြန်လေးအနည်းငယ်တို့ထိလိုက်တာနဲ့တင် သူမမျက်နှာလေးရှုံမဲ့ကာနာသွားလေပြီး...။
သူမလက်မောင်းကမြားဒဏ်ရာလေးကိုဆေးထည့်ပေးနေတာပါ...။
ဒဏ်ရာက အရမ်းကြီးမနက်ပေမယ့် ရင်းသွားလို့မဖြစ်ဘူးလေ...။''အရမ်းနာသွားလား...ကိုယ်ဖြေးဖြေးထည့်ပေးပါ့မယ်''
စေတနာတွေရေစီးကန်ပြိုလိုက်ရင်း ချိုချိုသာသာလေးချော့ပြော၍ ဂရူတစိုက်ဆေးထည့်ပေး၏...။
ဈန် ကိုယ်တိုင်လည်းဒဏ်ရာရထားပေမယ့်
ရိုစ့်ရဲ့ဒဏ်ရာကိုသာ ဂရူစိုက်ပေးနေတဲ့သူ...။ရိုစ့်သူ့ကိုသာငေးကြည့်နေရင်း အလိုလိုကြည်နူးပြုံးမိနေသည်...။
ဈန်ဆိုတဲ့ယောင်္ကျားက မျက်နှာပေါ်မှာ ဓားဒဏ်ရာသေးသေးခြစ်မိထားတာတောင် သူ့ရဲ့ရုပ်ချောချောက မပြောင်းလဲသွား...။
ပိုပြီးတော့တောင် ကြည့်ကောင်းတယ်လို့ထင်ရသေးတယ်...။အဟွန်း လို့ကြိတ်ရယ်မိ၏...။
ခုနကတုန်လှုပ်ထိတ်လန့်ခြင်းများဟာ အခုတော့ဘာမှမဟုတ်တော့သလိုပါပဲလား...။
''ဘာတွေကြိတ်ရယ်နေတာလဲ''
ဆေးထည့်တဲ့ဆီပဲအာရုံစိုက်ထားတဲ့ သူက ရုတ်တရပ်ရိုစ့်ကိုကြည့်၍မေးလိုက်တော့ ရိုစ့်တစ်ယောက်သူခိုးလူမိသလို မျက်လုံးလေးဝိုင်းသွားသည်...
ပြီးတော့သွားလေးဖြီးကာ ပြုံးပြ၍...
''ဈန်ကအရမ်းအရမ်းချောလို့လေ''
''ဟွန်း...ကိုယ်ချောတာက ဘာရယ်စရာကောင်းလို့လဲ''
ပတ်တီးစည်းပေးရင်း ပြုံးစိစိမေး၏...။
''လှောင်ရယ်တဲ့သဘောမဟုတ်ပါဘူး...၊ ပျော်လို့ကြိတ်ရယ်တာပါ...ဒီလောက်ချောတဲ့ကောင်လေးက ငါ့ရဲ့ကောင်လေးပါလားလို့ ပျော်မိလို့လေ''
သူမစကားက သူကိုကျေနပ်ပြုံးရယ်စေသည်။
ချစ်သူလေးရဲ့မျက်နှာကို ငေးကြည့်မိရင်း သူမနားသယ်စပ်ကဆံနွယ်လေးများကိုနားရွက်ပေါ်သပ်တင်ပေးလိုက်ကာ...

ČTEŠ
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)