𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 35
မြို့လယ်ခေါင်ရဲ့ ကြိုးပေးစင်...
ပြည်သူအများရဲ့ ထိတ်လန့်အံသြခြင်းမျက်ဝန်းများအလယ်...ဘုန်းတော်ကြီးကို ကြိုးပေးသေဒဏ်ချမှတ်ခဲ့ပါသည်...။
ဘုန်းတော်ကြီးသတင်းဟာ တိုင်းပြည်တစ်ခုလုံးကိုရိုက်ခတ်ခဲ့၏...။ယုံကြည်ကိုးကွယ်ခဲ့ကြသော ဘုန်းတော်ကြီးရဲ့သစ္စာဖောက်တဲ့လူပ်ရပ်ဟာ လူတွေကိုဘာသာတရားမဲ့အောင် တိုက်တွန်းပစ်လိုက်သလိုလိုပင်...။
တိုင်းပြည်ကြီးမှာ ဘာသာရေးပျက်ယွင်းသွားမှာကိုလည်းမလိုလားတော့ ဘုရားကျောင်းကိုသူတော်စင်နှင့်ဘူရားကျောင်းသူများကသာဆက်လက်ထိန်းသိမ်းခဲ့ကြ၏...
ထိုနောက်ရေးစ်ကနေ ဘုရားကျောင်းရဲ့ဘုန်းတော်ကြီးနေရာကို စာမေးပွဲဖြေဆိုရင်းဖြင့်ခန်အပ်ဖို့လုပ်သည်...။
ပြည်သူပြည်သားတိုင်းမှ အဆင့်အတန်းမရွေး ဘုန်းတော်ကြီးစာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိ၏...။ထိုစာမေးပွဲမှာတော့ ဘုန်းတော်ကြီးတစ်ယောက် ဖြစ်လာဖို့အတွက် အရည်အချင်းများစွာကိုအဆင့်များစွာနှင့်စစ်ဆေးရင်းဖြင့် ရွေးချယ်မည်ဟူ အမိန့်ချလိုက်ပြီး ဘုန်းတော်ကြီးအရေးအခင်းကို ကိုင်သွယ်ဖြေရှင်းခဲ့တော့သည်....။
ဘုန်းတော်ကြီးကြိုးပေးခံရပြီးနှစ်ရက်အကြာ...။
''ဒေါက်...ဒေါက်''
''အန်ခမ်း...ကျွန်မအယ်လာပါ၊ ဝင်လာခဲ့မယ်နော်''
လို့ခွင့်တောင်းပြီး တံခါးလေးကိုဖွင့်ဝင်ခဲ့သည်။
သူမလက်ထဲမှာ စွတ်ပြုတ်နှင့်အတူဆေးကိုပါထည့်လာသော ဗန်းလေးကိုကိုင်ထားပြီး ဝင်လာ၏...။
ဒါပေမယ့် ကုတင်ပေါ်ထိုင်နေသော အန်ခမ်းကိုမြင်တော့...''အန်ခမ်း!! ဘာလို့ထထိုင်နေရတာလဲ..လဲနေမှပေါ့''
အန်ခမ်းတစ်ကိုယ်လုံးနီးပါး ပတ်တီးပတ်ထားရသော အခြေအနေနှင့်ဖြစ်တာကြောင့် ထထိုင်နေလျှင်မကောင်းဘူးလေ...။
အယ်လာ သူ့ဆီအလျင်စလိုလေးလျှောက်လာပြီး ဗန်းကိုစားပွဲပေါ်တင်လိုက်ကာ...
BẠN ĐANG ĐỌC
My Love In Novel
Lãng mạnRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)