𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 34
မြေအောက်ထပ်ကနေ တဒုန်းဒုန်းကြားနေရသော အသံပေါင်းများစွာ...။
ဓားသံများလည်း တစ်ချက်တစ်ချက်ရောထွေးပါဝင်နေပေမယ့် ကျန်အသံများဟာပျောက်ကွဲ ပြိုကွဲသံများစွာပင်...။''မြေအောက်စခန်းတော့ မပြိုကျလောက်ပါဘူးနော်...''
လို့ စစ်သည်တစ်ယောက်က စိုးရိမ်စွာရည်ရွတ်ပြောလိုက်တော့...
''မဖြစ်တော့ဘူး...''
ရေးစ်ကလည်း လိုက်ဆင်းဖို့လုပ်သည်...။
ထိုအခါ ဘယ်လ်သူ့ရှေ့တားလိုက်ကာ...''အရှင့်သား!!''
''အိမ်ရှေ့စံ!!'
ဘယ်လ်ပိတ်ရပ်တာနဲ့ အစောင့်တွေလည်း ထိုအတူတားတဲ့အခါ...
''ဖယ်ကြစမ်းပါ!! ဈန်ကိုပြန်ခေါ်လာရမယ်!!''
ခြေထပ်လှမ်းတော့ ဘယ်လ်က သူ့လက်ကောက်ဝတ်ကို လက်နှစ်ဖက်နဲ့ဖမ်းဆုတ်ကိုင်လိုက်ကာ...
''အရှင့်သား...အောက်ကအသံတွေက တိုက်ခိုက်နေတဲ့အသံတွေလေ...၊ အရှင့်သားသာဆင်းသွားရင် ဘယ်လိုအန္တရာယ်က
စောင့်နေမယ်ဆိုတာ မသိနိုင်ပါဘူး...'''ကိုယ်ကအဲဒီအန္တရာယ်ကိုကြောက်နေရမှာလား!!"
''ဒါဆို အရှင့်သားသွားရင် ကျွန်မပါလိုက်ရ..''
ဘယ်လ်စကားပြောတန်းလန်းကြီးကနေ ရုတ်တရပ် သူမမြင်ကွင်းတွေဝေဝါးသွားသည်...။
ခေါင်းလည်းချာချာလည်မတတ်မူးဝေသွား၍ ခန္ဓာကိုယ်ဟာအထိန်းအကွပ်မရှိ ပစ်လဲကျလျှင်..''ဘယ်လ်!!"
သူမပစ်လဲတာကို အချိန်မှီထိန်းဖို့မမှီလိုက်...။
ကြမ်းပြင်ပေါ်ပစ်လဲသွားတဲ့အခါမှ ထူခေါ်တဲ့အခါ...ချက်ချင်းဆိုသလို သူမမျက်နှာအရောင်ဟာဖြူဖျော့သွားသည်...။''ဘယ်လ်!!!မင်းဘာဖြစ်လို့လဲ!!"
''ခေါင်းမူးတယ်....အသက်ရှုရတာလည်း
အင့်....ကြပ်တယ်...''''ဒီအခန်းထဲက အနက်ရောင်မှော်က သူ့ကိုထိခိုက်စေတာ...၊ သူတော်စင် အပြင်ခဏထွက်နေမှရမယ်''

YOU ARE READING
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)