လေသင်္ဘောအဖွဲ့အစည်း

402 13 11
                                        

𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝

Episode 25

နှစ်ရက်ကြာပြီးနောက်...။

အမဲလိုက်ပွဲကြီးပြီးသွားတဲ့အခါမှ
ရေးစ်နဲ့ဘယ်လ်ဆီ ရိုစ့်အသက်ရှင်နေသေးကြောင်း ဈန်ပြောပြခဲ့ပါသည်...။

အန်ခမ်းကတော့ရိုစ့်ရဲ့ကိစ္စကို စကားလက်စ်သခင်ကြီးလျှောက်တင်ခဲ့ပြီး...

''ညီမလေးက အခုအရှင့်သား နန်းဆောင်မှာရှိပါတယ်...၊ ဒဏ်ရာတွေ အပြတ်ပျောက်ကင်းဖို့က လတ်တလောတော့ နန်းတော်မှာပဲနေရမယ်လို့ ပြောပါတယ်''

ကြားကြားချင်းပဲ စကားလက်စ်သခင်ကြီးနန်းတော်ကိုလာခဲ့သည်...။
သမီးဖြစ်သူအခြေအနေကိုကိုယ်တိုင်မျက်စိနဲကြည့်ပြီးကာမှ...

''အရှင့်သား...ကျွန်တော်သမီးလေးကိုကယ်တင်ပေးခဲ့တာ တကယ်ကျေးဇူးတင်ပါတယ်''

''မဟုတ်ပါဘူး''

ရိုစ့်ကသာငါ့ကိုကာကွယ်ခဲ့တာ...။
သူ့ရဲ့နှလုံးသားထဲက ရှိရှိသမျှခံစားချက်အားလုံးကို အိတ်သွန်ခွန်မှောက်ပြီးငါ့ရှေ့တောင်းဆိုခဲ့တာတောင်...ငါသူ့ကိုကျောခိုင်းပစ်ခဲ့တယ်...။
ငါ့ကြောင့်သာ ရိုစ့်ထိခိုက်ခဲ့ရတာ...။

''ကျွန်တော်ကြောင့်မဟုတ်ပါဘူး၊ တကယ်အသုံးမကျတာ ကျွန်တော်ပါ''

''အရှင့်သား...''

''ဆရာ...ကျွန်တော် တောင်းပန်ပါတယ်''

ကိုယ်ခံပညာသင်ပေးခဲ့သော ဆရာဖြစ်တဲ့စကားလက်စ်သခင်ကြီးဆီ ဈန်ခေါင်းငုတ်တောင်းပန်လေသည်...။
စကားလက်စ်သခင်ကြီးလည်း လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရပြီး...

''အရှင့်သား!!!''

''ကျွန်တော်ရဲ့ပေါ့လျော့မှုကြောင့် ရိုစ့်ကိုထိခိုက်စေခဲ့တာပါ...၊ မျက်နှာမပြဝံပါဘူး''

''မဟုတ်တာပါအရှင့်သား...ကျွန်တော်
အန်ခမ်းဆီက အားလုံးကြားပြီးပါပြီး...ရိုစ့်ကိုကယ်တင်ဖို့ အရှင့်သား ဘယ်လိုကြိုးစားခဲ့တယ်ဆိုတာ''

''လက်လှမ်းမိခဲ့ရုံပါ...သူ့ကိုကယ်ဖို့အတွက်သေးငယ်တဲ့ အခွင့်အရေးလေးကို မရမကဆုတ်ကိုင်ခဲ့ရုံပါ၊ ကျွန်တော်သာ သူ့ကိုအဲဒီအခြေအနေ မရောက်အောင် ကာကွယ်ခဲ့မယ်ဆိုရင်...''

My Love In NovelWhere stories live. Discover now