နွေးထွေးသောလက်အစုံ

320 11 4
                                    

𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝

Episode 28

''ဈန်...''

ငိုရှိုက်သံနဲ့သူ့နာမည်ကိုခေါ်လိုက်တဲ့အခါ သူ့မျက်ဝန်းများပွင့်သွားလေသည်...။
ထိုစဥ်သူ့ရှေ့မှာမတ်တပ်ရပ်နေသောရိုစ့်...။

''ရိုစ့်!!''

သူမဆီခြေလှမ်းမည်ရှိသော် သူ့ခြေထောက်များကလှုပ်ရှား၍မရနိုင်ချေ...။
ရွှံနွံထဲမှာပဲနစ်နေသလို လုံးဝရုန်းလို့မရနိုင်...။

''ဈန်!!"

ထိုစဥ်ရိုစ့်သူ့ဆီထပ်မံခေါ်လိုက်တာနဲ့အတူ
ရိုစ့်ရဲ့နောက်မှာ လူတစ်ယောက်ကပေါ်လာလေသည်...။
ထိုလူသည် ဘယ်သူဘယ်ဝါလည်းဈန်သေချာမမြင်ရပါ။

ဒါပေမယ့်ထိုသူဟာရိုစ့်ရဲ့နောက်ကျောကနေ
ဓားသွားတစ်ချက်ဖြင့် ရိုစ့်ကိုဆောင့်ထိုးလိုက်သောအခါ...

''ရိုစ့်!!"

အိမ်မက်ဆိုးကအလန့်တကြားနိုးထသွားသည်...။
တုန်လှုပ်ထိတ်လန့်ခြင်းများနှင့်သူမောပန်းနေ၏...။

အသက်ပြင်းပြင်းရှုရင်း တုန်ရီနေသောသူ့လက်တွေကိုသူထိန်းမိရင်းးး

''ဟင်းးးး''

အိမ်မက်တစ်ခုပါ...၊ အိမ်မက်ဆိုးတစ်ခုသာသာပါ...။
ဒါပေမယ့်သူ့ကိုကြောက်စရာကောင်းအောင်ခြောက်လန့်လွန်းနိုင်တယ်...။

အိပ်မပျော်တော့ပါ...။
ကိုယ်ပေါ်ကစောင်ကိုဖယ်လိုက်ပြီး ပြတွင်းပေါက်ကနေခုန်ဆင်းလိုက်သည်...။

မနက်ဖြန်ဟာရိုစ့်ရဲ့အသက်ပြည့်အခမ်းအနားနေ့ဖြစ်၏...။
သူတို့တိုင်းပြည်ကိုပြန်ရောက်ပြီးတည်းကရိုစ့်က စကားလက်စ်အိမ်တော်ကိုပြန်သွားပါသည်...။

သူနဲ့အတူရှိမနေတာမို့ စိတ်မချခြင်းများက နေ့ရက်ဆက်နေသလို...အခုလည်းသူမအခန်းဝရန်တာကိုရောက်လာခဲ့ပြီးဖြစ်သလို..။

ဝရန်တာတံခါးလက်ကိုင်ကိုဖွင့်ဖို့လုပ်စဥ် ဈန်နောက်ကိုရုတ်တရပ်ရောက်လာသောသူတစ်ယောက်...။

ဈန်ရဲ့နောက်ကျောကိုဓားနဲ့ရွယ်ထား၍...

''ဘယ်သူလဲ!!"

My Love In NovelWhere stories live. Discover now