𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 23
''ရှင်းးးးး''
''အဟင့်ဟင့်...ရှင်းးးး''
ငိုသံများက သူ့နားထဲ စူးစိုက်ဝင်လာပါသည်။
သူမရဲ့ဟစ်ကြွေးခေါ်သံကိုထူးဖို့အားစိုက်သော်လည်း သူ့မှာအားမရှိနိုင်တော့...။သူ့ရဲ့တစ်ကိုယ်လုံးကို အပူဒဏ်များက
လွှမ်းမိုးသွားပြီး သူ့ရဲ့မျက်လွှာများလည်းမှေးစင်းတော့မည်...။
အသိစိတ်ဟူ၍အာရုံထဲမှာပဲရှိတော့မည်...။
သူ့ခန္ဓာကိုယ်ဟာလှုပ်မရနိုင်တော့...။ဟာနာရဲ့ခေါ်သံအကျယ်ကြီးဆီကိုထူးဖို့အားစိုက်ရင်း ရေအောက်အနက်ကြီးထဲနစ်မြုပ်သွားတဲ့ခံစားချက်ကိုခံစားလိုက်ရ၏...
ထိုအတူ ရေမျက်နှာပြင်ပေါ်ကို တဖန်ပြန်ပေါ်လာစဥ်...
''ဟင်းးး!!! ဟင်းးး''
အသည်းအသန်လုရှုနေသောအသက်ကို
အခုမှအပြည့်အဝရှုလို့ရလိုက်သလိုလို...။
နိုးထလာစဥ် အားစိုက် လက်ထောက်လိုက်သော ကြမ်းပြင်ဟာအေးစက်သည်...။ဘယ်ရောက်နေတာလဲလို့ ဘေးဘီကိုကြည့်မိတော့ ပတ်ပတ်လည်အပေါ်အောက် မြင်ကွင်းထဲက ရှိရှိသမျှအရာတွေဟာ အဖြူရောင်တွေသာ...။
ငါအိမ်မက်မက်နေတာလား...??
ဒါမှမဟုတ်...ငါသေသွားပြီးလား။''မင်းသေသွားပြီး''
ထိုစဥ်သူ့အတွေးထဲက မေးခွန်းကိုအဖြေပေးလိုက်သူတစ်ဦး...။
အသံက ရှင်းအနောက်ကလာတာကြောင့် ရှင်းလှည့်ကြည့်လိုက်၏...။''ဟင်!!"
မျက်စိရှေ့တွင်မြင်ရသောအရာကြီးကိုအံသြထိတ်လန့်သွားရပါသည်...။
အဖြူရောင်ဝတ်စုံဖားဖားကြီးနဲ့ ရှင်းထက်အရပ်နှစ်ဆလောက်မြင့်၏...။သူ့အားဇက်ညောင်းမတတ်မော့ကြည့်လိုက်ပြီးမှ...
''မင်း...ငရဲမင်းလား''
''ငရဲမင်း!? ဘယ်နေရာကငရဲမင်းနဲ့တူလို့လဲ!!ကွ💢💢''
နတ်ဘုရားကိုငရဲမင်းလို့အခေါ်ခံလိုက်ရတော့ အသည်းပေါက်ကာ သူပုံစံကိုပြောင်းလိုက်၏...။
ခုနကအရပ်မြင့်မြင့်အဝတ်ဖားဖားကြီးနဲ့လူဟာ ရှင်းလို့သာမာန်ယောင်္ကျားလေးတစ်ယောက်အသွင်ဖြစ်သွားသည်...။
YOU ARE READING
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)