ဗီလိန်ဆိုတဲ့ငါ....

311 13 0
                                    

𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝

Episode 11

''သခင်မလေး!!! ဒီနေ့တော့မဖြစ်ပါဘူး!! မနေ့က သခင်လေးအန်ခမ်းကိုယ်တိုင် အခန်းထဲဝင်စစ်ခဲ့တာလေ!!"

''သိပါတယ်အားဒီကလည်း...ဒါပေမဲ့ ငါလည်းဒီနေ့ချိန်းထားတာရှိလို့...၊ တကယ်အရေးကြီးလို့...''

''မရဘူးဆို သခင်မလေး!!"

ပြတွင်းပေါက်က ခုန်ဆင်းတော့မဲ့ ရိုစ့်ကို
အားဒီအတင်းဆွဲထား၏..။

''ဒီနေ့အကိုကြီးလာမစစ်လောက်ပါဘူးဆို...၊ ဒီနေ့ လေ့ကျင့်ကွင်းကနေ နောက်ကျမှပြန်လာမယ်လို့ပြောထားတယ်!!"

ရိုစ့်အတင်းရုန်းရင်း ပြတွင်းပေါက်နှုတ်ခမ်းပေါ်တက်လိုက်၏...။

''သခင်မလေး!!"

''အကိုကြီးပြန်မလာခင် ပြန်လာမှာပါ... ၊ ငါမရှိတုန်း အိမ်မှာအေးဆေးနေခဲ့နော်...''

''သခင်မလေး!!"

ဘယ်လိုခေါ်ခေါ်ကိုမရချေ...။
ပြတွင်းပေါက်ကခုန်ဆင်းပြီး ခိုးထွက်ပြန်ပါပြီး...။

''ဟင်းးး...သခင်မလေးတို့တော့''

အရမ်းလည်း ပေါ့ပေါ့တွေးတတ်ပါတယ်...။
သခင်မလေးခိုးခိုးထွက်နေတာ သခင်လေး
မသိပေမဲ့ သခင်ကြီးသိနေတယ်လို့...။

သိနေလျက်နဲ့ဘာမှမပြောပဲ မတားဘဲထားထားတာ သခင်မလေးကိုအမြဲစောင့်ကြည့်နေလို့ပဲပေါ့...။
ဒါကိုသခင်မလေးမသိတာလား...။

အားဒီလည်းမပြောရဲဘူး...။
သခင်မလေးရဲ့လှုပ်ရှားမှုအားလုံးသခင်ကြီးသိနေတယ်လို့.....။

''ကုန်သည်အဖွဲ့နဲ့ သခင်မလေးအချိတ်အဆက်လုပ်နေပါတယ်... ဒီအတိုင်းပဲဆက်လွှတ်ထားမှာလား သခင်ကြီး''

သတင်းပေးရဲ့စကားကြောင့် လက်ကစရင်းစာရွက်ကိုချလိုက်၍...။

ရှေ့တည့်တည့်ရပ်နေသော လှို့ဝှက်ကိုယ်ရံတော်ဆီအကြည့်ရောက်သွားကာ...။

''အရှင့်သားရှိတဲ့အဖွဲ့မှန်းသူသိနေတာလား''

''အဲဒါတော့မသေချာပါဘူး...ကုန်သည်အဖွဲ့ထဲအရှင့်သားရှိနေလို့ ဝင်တာလားဆိုတာတော့...''

My Love In NovelTempat cerita menjadi hidup. Temukan sekarang