𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 14
''ဒီအစီအစဥ်ကို မလုပ်ခင် အထူးသတိထားရမဲ့အချက်တစ်ချက်ရှိတယ်...''
''ထောင်ချောက်ဖြစ်နိုင်တယ်ဆိုတဲ့အချက်လား''
ရိုစ့်ရဲ့ခန့်မှန်းချက်ကို ကုန်သည်ကြီး သဘောကျစွာပဲခေါင်းညိတ်လိုက်ပါသည်...။
''ဟုတ်တယ်...၊ သတင်းအချက်အလက်ကိုလွယ်လွယ်ရခဲ့သလိုမျိုး ရန်သူကိုလည်းလွယ်လွယ်ဖမ်းနိုင်မယ်မထင်နဲ့...၊ ရန်သူတွေက ငတုံးတွေမဟုတ်ဘူး...တိုက်ပွဲအတွင်းမှာပဲဖြစ်ဖြစ် သတိလုံးဝမပေါ့စေနဲ့...နားလည်လား...''
အစီစဥ်မစခင်အချိန်မှာ ကုန်သည်ကြီးကအကြိမ်ကြိမ်သတိတွေပေးခဲ့ပါသည်...။
ထိုအတူ...''ဟာနာ...''
''ဟင်...''
လေလံပွဲကျင်းပမည့်လှေပေါ်မတက်ခင် စီရာက ဟာနာနံဘေးကိုတိုးကပ်၍ တိုးတိုးကလေးပြောလိုက်သောစကား...
''ရာရာကိုယ်စား ဓားစာခံအဖြစ်ဝင်ပေးတာကျေးဇူးတင်ပါတယ်နော်''
''ဟွန်း...မဟုတ်တာ...ကျေးဇူးတင်စရာမလိုပါဘူး...၊ အဖွဲ့ဝင်တွေဖြစ်နေကြပြီးပဲကိုး''
''အဟွန်း...ဒါပေမဲ့လည်းရာရာကို ဒီလိုကြင်နာပေးတာ ဟာနာကပထမဦးဆုံးပဲ...၊ တကယ်ကျေးဇူးတင်ပါတယ်နော်...ရန်သူစခန်းကိုရောက်ရင်လည်း သတိထားပါနော်''
''အ..အွန်း...၊ စိတ်ချပါ...''
''ဒါဆိုနောက်မှတွေ့မယ်နော် ဟာနာ''
''အွန်း''
ရာရာရဲ့ အပြုံးချိုချိုလေးများဟာ မခို့တရို့အပြုံးကလေးများဖြစ်ပြီး ရှက်နေသလိုလို...။
ဘယ်မျိုးရိုးမြင့်အိမ်က သမီးလေးလဲမသိရပေမဲ့ အတော်ကိုနူးညံတဲ့မိန်းကလေးလို့ တွေးလိုက်မိပေသည်...။
အခုလည်းကြည့်ပါလား...။
ပြောပုံဆိုပုံ၊ သွားပုံလာပုံ အားလုံးကသိမ်သိမ်မွေ့မွေ့လေး...။ငါသာယောင်္ကျားလေးဆိုရာရာကိုကြိုက်မိမှာ...လို့ တွေးကောင်နေတုန်း...
''မင်းသူ့ကိုသတိထားနော် ဟာနာ''
''ဟင်!!''
ရုတ်တရပ်ကိုယ့်ဘေးစကားလာရပ်ပြောသော ဈန်ကြောင့်လန့်သွားရကာ...
YOU ARE READING
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)