𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 4
ဇာတ်ညွန်းအရဆိုရင် ဒုတိယမင်းသားစစ်ပွဲက ပြန်လာချိန်ကျမှ ရိုစ့်ကဇာတ်လမ်းထဲ စထွက်တာလေ...။
အဲ့ဒီအချိန်ရောက်မှ ဒုတိယမင်းသားနဲ့စေ့စပ်ခိုင်းဖို့ အတင်းပူဆာတာမဟုတ်ဘူးလား...။ဒီလိုကြီးနဂိုတည်းက စေ့စပ်ထားတာမဟုတ်ဘူးလေ...။
ဘယ်လိုတွေဖြစ်ကုန်တာလဲ။ငာတ်ညွန်းပြောင်းသွားတာဆိုတော့..
ဘာလဲ!!! ငါက ငါက မူရင်းဇာတ်သိမ်းလို့ပဲ သေမိန့်ကျပြီးခေါင်းဖြတ်ခံရမှာလား!!!
ငါသေရမှာလား..။
ထိတ်လန့်လာသောစိတ်တွေကမျက်နှာမှာထင်းလာ၏။ငါမသေချင်ဘူး...ငါဇာတ်လမ်းထဲမဝင်ချင်ဘူး။
ခြောက်ခြားနေရင်း ဆောက်တည်ရာမရတော့...။"သ သခင်မလေး အဆင်ပြေရဲ့လားဟင်??သခင်မလေး!!!"
''ဟင့်!!"
အားဒီကနေ ပုခုံးလှုပ်ခေါ်ကာမှ သူမအသိဝင်၏...။
''အားဒီ...''
''သခင်မလေးအဆင်ပြေရဲ့လားဟင်...ဇောချွေးတွေတောင်ပျံနေတယ်၊
ဘုရားဘုရား...''စိုးရိမ်ရင်းအားဒီခမျှသူမချွေးလေးများကိုသုတ်ပေ၏...။
ရိုစ့်လည်းသူမစိတ်ကိုပြန်ထိန်းနိုင်ဖို့...အသက်ကိုမှန်မှန်ရှုပစ်ရင်းး..။
မတုန်လှုပ်နဲ့....စိတ်ငြိမ်ငြိမ်ထား...စိတ်ငြိမ်ငြိမ်ထား။
ငါဇာတ်လမ်းမျိုးစုံကို သရုပ်ဆောင်ခဲ့တာပဲ..။ဒီလောက်ကတော့ဖြေရှင်းနိုင်မှာပါ။
အရင်ဆုံး...အရင်ဆုံး ငါ့မှာဖြစ်နေတဲ့လက်ရှိအခြေနေ...အခု ရိုစ့်ရဲ့ပြဒ်ရုပ်က ဘယ်အပိုင်းအထိ ရောက်ပြီးလဲဆိုတာကို သေချာလေ့လာရမယ်။"အားဒီ"
"ဟုတ်ကဲ့ သခင်မလေး..!"
YOU ARE READING
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)