ကျေးဇူးပြုပြီး...ကံတရားရယ်

325 10 4
                                        

𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝

Episode 44

လွန်ခဲ့သောရက်အနည်းငယ်က...။
စတယ်ရှားနယ်အတွင်းမှ နယ်စားရဲ့အိမ်တော်တွင်....

''သခင်မလေးပြောတဲ့ လက်တီးဆိုတဲ့သူကိုနောက်ကနေကြိုးကိုင်သူက မိဖုရာကြီးလို့ထင်ရပါတယ်...''

ရိုစ့်သဘောပေါက်စွာခေါင်းညိတ်ရင်းး

''ဒီအခြေအနေတွေ အရဆိုရင်တော့ မိဖုရားကြီးကအဖြစ်နိုင်ဆုံးပဲပေါ့...၊ ဒါပေမယ့် လက်တီးကိုမိဖုရားကြီးကဘယ်လိုလုပ်ပြီးသူ့လက်အောက်ထဲခေါ်သွားခဲ့တာလဲ...''

အဲဒါက အဓိကမေးခွန်းဖြစ်နေသလိုလို...။

''သခင်မလေးသိချင်ရင် ကျွန်တော်စုံစမ်းထားပေးပါ့မယ်...''

''အင်း...ကူညီပေးပါဦး ဆိုးစ့်...''

''ဟုတ်ကဲ့...ပြီးတော့ သခင်မလေးတောင်းထားတဲ့ဆိုတဲ့ စရင်းတွေကို နော့စ်က ပေးခိုင်းလိုက်ပါတယ်...''

ပြော၍ ရိုစ့်ရှေ့ကစားပွဲဆီ စရင်းစာရွတ်အထပ်လိုက်ကိုချပေး၏...။

''နော့စ်ကရောဘယ်သွားတာလဲ''

''သူကဆာ့စ်နဲ့အတူ ကျရှုံးစစ်သည်တွေထဲက
ကိုးကွယ်မဲ့အစစ်တွေကို စစ်ဆေးနေပါတယ်''

''ဟုတ်လား...ကောင်းပါပြီး၊နော့စ်ကို ကျေးဇူးပါလို့ပြောပေးပါ''

''ဟုတ်ကဲ့သခင်မလေး''

ဆိုးစ့်က ရိုစ့်နားမှာတပ်ကြပ်မကွာနေပေး၍
ရိုစ့်ခိုင်းသမျှအကုန်ကူညီနေ၏...။
စတယ်ရှားနယ်ကိုရိုစ့်တို့ရောက်သွားပြီးနောက်တစ်ရက်မှာပဲ ရိုစ့်က ဈန်လုပ်ရမယ့်အလုပ်များကို ဈန်နေ ပြန်ကောင်းမလာ သေးခင် ကိုယ်စားကူညီလုပ်ပေးနေသည်ဖြစ်ကာ...

ရိုစ့်အတွက် နယ်တစ်ခုလုံးရဲ့ စည်းစနစ်ကြီးကို လေ့လာပြင်ဆင်ပေးရမှာခက်ခဲပါ၏..။
ဒါပေမယ့် ဘေးက အကူအညီများကြောင့် အနည်းငယ်အဆင်ပြေနေသည်ရှိကာ...

စတယ်ရှားနယ်မှာ အကျင့်ပျက် ခြစားမှုကနည်းနည်းပါးပါးမဟုတ်...။
နန်းတော်ရဲ့အဓိကထောက်ပံမှုက နယ်စားအိတ်ထဲပဲရောက်နေ၍ နယ်ခံပြည်သူများမှာအကျိုးခံစားခွင့်ရှိမနေချေ...။

My Love In NovelМесто, где живут истории. Откройте их для себя