𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 31
''ဒါဆို...အတိုင်ပင်ခံအမတ်ကြီးမှာ တရားမဝင်သမီးရှိခဲ့တာပေါ့...''
''အင်း...ဟင့်...အဟင့်''
နှာတရှုပ်ရှုပ်နဲ့ငိုနေတာ တစ်ရှုးတစ်ဘူးကုန်တော့မည်...။
ရိုစ့်ရဲ့အခန်းထဲက ဧည့်စားပွဲမှာမျက်နှာချင်းထိုင်နေကြတာဖြစ်ပြီး...တစ်ယောက်နဲ့တစ်ယောက် ကိုယ့်အကြောင်းသူ့အကြောင်းပြောပြနေကြတာပါ...။
နှစ်ယောက်သားပြောသင့်သလောက်ပြောပြီးမှပဲ ရိုစ့်က အက်ထရက်ကို အယ်လာဖြစ်ကြောင်းသိခဲ့ရသလို အယ်လာကလည်း ဒီလောကကိုရိုစ့်ဘယ်လိုဘယ်ပုံနဲ့ရောက်လာတယ်ဆိုတာသိခဲ့ရတာပေါ့...။
အဲဒီနောက် အယ်လာက မျက်ရည်နဲ့မျက်ခွက်ဖြစ်လို့...
''ဟင့်...ဟာနာ...အရမ်းအရမ်းပင်ပန်းခဲ့မှာပဲနော်....၊ ကျွန်မတောင်းပန်ပါတယ်''
''ဟွန်း...အယ်လာက ဘာလို့တောင်းပန်ရမှာလဲ၊ အယ်လာဘာမှမမှားပါဘူး''
''ဒါပေမယ့်...''
''မ ဒါပေမယ့် နဲ့တော့...''
ထိုစဥ် ရိုစ့်နဲ့အယ်လာကြားမှာ နိုရာကပေါ်လာခဲ့၏...။
''ဟင့်!! ဘယ်သူကြီးလဲ!!''
အယ်လာအလန့်တကြားလေးဖြစ်သွားကာ
ရိုစ့်ရဲ့နံဘေးကိုချက်ချင်းရောက်သွားလျှင်...
''နိုရာ!!! နင်ဒီလိုမျိုးရုတ်တရပ်ကြီးပေါ်ပေါ်မလာပါနဲ့ဆို...''
ဆူတာကို မျက်နှာမဲ့ပြသည်...။
ခံမပြောနားမထောင်ဘဲ ဒီလိုပဲဆက်လုပ်မှာ သိနေတာမို့ ရိုစ့်သက်ပြင်းတစ်ချက်သာချမိပြီး...
''အယ်လာ...၊ သူကကျွန်မပြောတဲ့ နတ်ဘုရားဆိုတာလေ... နာမည်က နိုရာတဲ့''
''အော်...နိုရာနတ်ဘုရားကိုး၊ ရုတ်တရပ်ကြီးပေါ်လာလို့လန့်သွားတာပဲ''
မနက်ကပဲ ဈန်ရဲ့ဒေါသနဲ့ပိတ်ပင်းတိုးထားလို့ ကြောက်စိတ်အရှိန်ကမလျော့သေးတာ...။
သူရုတ်တရပ်ကြီးပေါ်လာတော့လန့်သွားတာပဲ..
''နိုရာ...အယ်လာက ဝိညာဥ်ပြောင်းပြီးဒီကိုရောက်နေတာကို နင်သိလား''
YOU ARE READING
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)
