𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 41
''ဘာ!!! ဒရက်စ်ကသေပြီး!!!ဟုတ်လား...''
"ဟုတ်ပါတယ်အရှင်မ...ထွက်ပြေးသွားတဲ့စကားလက်စ်သခင်မလေးကို လိုက်ဖမ်းရင်း အရှင့်သားဈန်ရဲ့လက်ထဲကျရှုံးသွားတယ်လို့ သတင်းရခဲ့ပါတယ်...''
ပြူးကျယ်အံသြသွားသော မျက်ဝန်းများဟာ ခြောက်ခြားမှုအပြည့်...။
ဒရက်စ်က သေပြီးတဲ့လား...။
''ဟား...''
မရယ်ချင်ပဲ ရွဲ့ပြုံးရယ်သံတစ်ချက်ထွက်လာသည်...။
''ရိုစ့်စကားလက်စ် ထင်ထားတာထက် အသက်ပြင်းပါလား...''
''နယ်စပ်တွေကလည်း မင်းသားဈန်ရဲ့လက်အောက်ကို ကျရှုံးသွားပြီးလို့သတင်းရပါတယ်...၊ နောက်ဆုံးစတယ်ရှားနယ်တစ်နယ်ပဲကျန်ပါတော့တယ်အရှင်မ''
''ဟုတ်လား...၊ ဒါဆိုအဲဒီနယ်ကို သူ့သင်္ချိုင်းအဖြစ်လုပ်ပေးရမှာပေါ့...၊နယ်စပ်ကိုစာပို့လိုက်...ဈန်အဲလက်ဂန်ကို ပုန်ကန်သူအဖြစ်ကြောညာမှာမို့လို့ အင်အားအပြည့်သုံးပြီးသတ်ပစ်ပါလို့''
''ဟုတ်ကဲ့...အရှင်မ''
သတင်းပေးထွက်သွားတာနဲ့ သားမွေးထိုင်ခုံပေါ်အင်အားယုတ်လျော့စွာထိုင်လိုက်မိသည်...။
ဒရက်စ်က ကျရှုံးသွားတယ်ပေါ့လေ..။
ဈန်အဲလက်ဂန်ရဲ့လက်ထဲမှာကျရှုံးသွားတယ်ပေါ့လေ...မဖြစ်နိုင်တာ...။
ဈန်တစ်ယောက်တည်း အနိုင်ရတာ ဘယ်လိုမှမဖြစ်နိုင်ဘူး...။သေချာပေါက်တစ်ယောက်ယောက်ကများ!!!မဟုတ်မှလွဲရော...
''အဲဒီဉာဏ်နီဉာဏ်နက်များတဲ့မြေခွေးမပဲဖြစ် ရမယ်!!!တောက်စ်...''
စားပွဲခုံကိုလက်သီးလေးနဲ့ထုပစ်ပြီး မာနဒေါသများလျှံလျှံထွက်သွားသည်...။
''တစ်ယောက်ယောက်လာစမ်း!!"
''ဟုတ်ကဲ့မိဖုရာကြီး...''
အခြွေအရံလေးတစ်ယောက်က အလျင်စလိုပြေးလာ၍ သူမရှေ့ခစားလိုက်ကာ...
''အိမ်ရှေ့စံကို စောင့်ကြည့်တာဘယ်လိုအခြေအနေရှိလဲ''
''ပုံမှန်ပါပဲမိဖုရားကြီး...မနက်ဖြန်နေ့လယ်ဘုံအဖွဲ့အစည်းမှာတင်ပြမယ့်အချက်အလက်တွေကိုလည်း သေချာပြင်ဆင်ထားပြီးပြီးလို့ သိရပါတယ်...''
YOU ARE READING
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)