𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 18
ချစ်ကြည်ရေးပွဲပြီး၍ နောက်တစ်နေ့ည။
နန်းတော် အပြင်ဘက်မှ တောင်ဘက်တစ်နေရာတွင်...လပြည့်ဝန်းကြီးကထိန်သာနေပါသော်လည်း ချမ်းစိမ့်စိမ့်ဖြစ်တဲ့ည...။
မင်းသားဈန်ရဲ့အထူးစစ်သည်ငါးယောက်ဟာ အစိမ်းရောင်မြက်ခင်းပေါ်မှာ သေဆုံး နေပြီးဖြစ်သော စာဖိုမှုးဝတ်စုံနဲ့လူတစ်ယောက်ကိုဝိုင်းရံကြည့်နေကြ၏...။
''အရှင့်သား...''
သူတို့နောက်မှာရောက်လာသောဈန်...။
မြင်းပေါ်ကဆင်းလာပြီး သူတို့ဆီလျှောက်လာ၏...နော့စ်ကမြင်းဇက်ကြိုးကိုသွားဆွဲလိုက်ရင်းး
''အရှင့်သား...ပျောက်ဆုံးသွားတဲ့ ဖာဆိုလာစာဖိုမှုးကိုပြန်တွေ့ပါပြီး''
''သေပြီးသားအလောင်းနဲ့လား''
လို့မေးလိုက်တော့ ငါးယောက်လုံးခေါင်းငုတ်၍မျက်နှာမဖော်ရဲတော့ကာ...၊
''ပေါ့လျော့မှုအတွက် အပြစ်ပေးပါ အရှင့်သား''
''နောက်မှအပြစ်ခံယူဖို့ပြင်ထားကြ...၊ အလောင်းမှာဘာထူးခြားချက်လဲ'
''မှော်နဲ့သတ်ခဲ့တာပါ...၊ သုံးခွင့်ပိတ်ထားတဲ့ ပြုစားမှော်ကိုသုံးခဲ့ပုံပေါ်ပါတယ်...''
လို့ မှော်အမျိုးအစားခွဲခြားသူ စစ်သည်တော်အိစ့်ကပြောလိုက်၏...။
''အမှောင်မှော်လား...''
''ဟုတ်ကဲ့...''
''စီရာဆီအကြောင်းကြားပြီး အမှောင်မှော်သုံးတဲ့သူကိုခြေရာခံခိုင်းလိုက်''
''ဟုတ်ကဲ့...''
ခေါင်းညိတ်နာခံတဲ့သူတို့ကိုကျော်ပြီး ဈန်ကသေသွားတဲ့ဆိုဖာလာစာဖိုမှုးကိုကြည့်လိုက်ပါသည်...။
ပြီးတော့သက်ပြင်းကိုတိုးတိုးချမိပြီး...''သေချာမြုပ်နှံပေးလိုက်''
''ဟုတ်ကဲ့''
ဈန်ပြန်လှည့်ထွက်လာသည်...။
နော့စ်က သူ့နောက်လိုက်လာပြီး...

YOU ARE READING
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)