𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 45 (ဇာတ်သိမ်းပိုင်း)
''ဒယ်ရန်...''
အကျည်းထောင်အပြင်ဘက်က ခေါ်သံ
ကြောင့် ထောင်ထဲကသူလှည့်ကြည့်လိုက်တော့ အိမ်ရှေ့စံမင်းသားရေးစ်ဖြစ်နေကာ...။ရေးစ်သူ့ကိုခပ်တည်တည်ပဲစိုက်ကြည့်နေပြီး...
''မင်း မယ်တော်လက်အောက်ကိုရောက်သွားတာကိုး''
''ဟုတ်ပါတယ်...၊ ကျွန်တော်မျိုးရဲ့ကျေးဇူးရှင်ကမိဖုရားကြီးပါ...အဲဒါကြောင့်မိဖုရားကြီးရဲ့ဘက်တော်သားအဖြစ်ပဲရှင်သန်နေခဲ့တာ...''
ရေးစ်သဘောပေါက်သလိုခေါင်းညိတ်လိုက်ပါတယ်...။
ဒယ်ရန်ဆိုတဲ့ယောင်္ကျားဟာ တစ်ချိန်ကရေးစ်ရဲ့ကိုယ်ရံတော်ဖြစ်ခဲ့သူ...မိဖုရားကြီးကိုဆန့်ကျင့်တဲ့ရေးစ်ကို ဒယ်ရန်ကကျောခိုင်းခဲ့သည်လေ...။
ရေးစ်ကိုကျောခိုင်းပြီးနောက်မိဖုရားကြီးလက်အောက်မှာပဲပြန်နေနေခဲ့တယ်ပေါ့...''မင်းဘယ်လိုလုပ်ပြီး ဘုံအဖွဲ့အစည်းခေါင်းဆောင်အဖြစ်ဟန်ဆောင်ခဲ့တာလဲ''
''လွယ်တဲ့မေးခွန်းကိုမေးပြီးအချိန်လာဖြုန်းတာလား အိမ်ရှေ့စံ...၊ အရှင့်ရဲ့ဉာဏ်ပညာနဲ့သာဆိုရင် ကျွန်တော်မျိုးရဲ့ရည်ရွယ်ချက်ကဘာလဲ ဆိုတာသိနေလောက်ပါပြီး...''
''မင်းတကယ်ပဲသခင်မလေးစကားလက်စ်ကိုသတ်ဖို့ရည်ရွယ်ခဲ့တာလား''
''ဟုတ်ပါတယ်...၊ မိဖုရားကြီးရဲ့နောက်ဆုံး
အမိန့်ကိုကျေကျေပွန်ပွန်ထမ်းဆောင်ရမှာ...အခုတော့ရိုစ့်စကားလက်စ်အစား မင်းသားဈန်ကထိသွားရတယ်လို့...ဟွန်း
ဘာပဲဖြစ်ဖြစ်ပါလေ ရလဒ်ကကောင်းကောင်းထွက်လာတာပဲဆိုတော့...''''ဒယ်ရန်!!"
စိတ်ဆိုးဆိုးအော်မိသည်...။
ဒယ်ရန်က မျက်နှာထားပြောင်းမသွားပါပဲ...
''အိမ်ရှေ့စံ...အခုအချိန် ကျွန်တော်အတွက်
စိတ်ပူဒေါသတွေထွက်ပြမနေတော့ပဲ...
ဒီတိုင်းပြည်ရဲ့မင်းသားကိုလုပ်ကြံတဲ့အပြစ်နဲ့ ထိုက်တန်တဲ့ အပြစ်ကို ပေးလိုက်ပါတော့...''

BINABASA MO ANG
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)