3

5.2K 496 10
                                    

ဘာလိုလိုနဲ့လဝက်ကျော်လွန်ပြီဖြစ်လို့ ယွီရှန့်တို့တွေ မြို့တော်ကိုပြန်ရောက်နေပြီဖြစ်တယ်။မြို့တော်ရဲ့လမ်းမတစ်လျှောက်မှာလဲ ဝမ်ရဲ့ကို ကြိုဆိုကြတဲ့သူတွေအများကြီးပဲ။လမ်းဘေးနားတစ်လျှောက်နဲ့ဆိုင်ခန်းတွေတစ်လျှောက်မှာ သာမာန်အရပ်သူအရပ်သားတွေအပြင် အထက်တန်းလွှာတွေလဲ ပါဝင်တယ်။

""မင်းကြီးက ချောလိုက်တာ ငါနဲ့ရရင်ကောင်းမှာပဲ""မိန်းမပျိုတွေစုနေတဲ့နေရာဆီမှ ထွက်ပေါ်လာတဲ့စကားသံ။

""အမယ်...ငါကိုရွေးမှာပါနော်...ငါကဒီလောက်လှတာ""

""ငါ့ကိုရွေးမှာ""

""ငါ့ကိုရွေးမှာလို့.....""

""နင်တို့ တော်တော့...""ရုတ်တရက်ငြင်းခုံနေတဲ့မိန်းမပျိုကြားမှ တားမြစ်တဲ့စကားသံထွက်ပေါ်လာတယ်။

""မင်းကြီးနောက်ကဝေါယာဥ်ထဲကဘယ်သူလဲမသိဘူး....နင်တို့သိလား""

အမေးစကားဆုံးတဲ့အခါ ကောင်မလေးတွေလဲခေါင်းကိုခါလိုက်တယ်။ပြီးတော့ဝေါယာဥ်ထဲက ဘာများထွက်လာမလဲဆိုပြီးစူးစူးစိုက်စိုက်ကြည့်လိုက်ကြတယ်။အဲ့အချိန် ဝေါယာဥ်ထဲကထွက်လာတဲ့ ကျောက်စိမ်းလေးလို ဖြူသွယ်သွယ်လက်လေးတစ်ဖတ်။ပြီးတော့ အဲ့လူကလိုက်ကာစကို အပေါ်ကိုမတင်လိုက်ပြီးခေါင်းလေးကိုပြူထွက်လိုက်ရင်း ပတ်ဝန်းကျင်ကိုဟိုဟိုဒီဒီလှမ်းကြည့်လိုက်သေးတယ်။ပြီးတော့ ရှေ့ကမြင်းနဲ့သွားနေတဲ့လူကိုလှမ်းကြည့်လိုက်ပြီး အော်ပြောလိုက်တယ်။

""အား...ရဲ့ရဲ့အထဲမှာမုန့်မရှိတော့ဘူးလို့ ဘယ်တော့နန်းတော်ရောက်မှာလဲ...""

<အာ့အာ့အာ့>(ကျီးကန်းအော်သံနဲ့အတူ ပတ်ဝန်းကျင်တခုလုံးတိတ်ဆိတ်)

အဲ့အချိန်မှာ ရှိသမျှလူတွေအကုန်လုံးထူးဆန်းမှုကြီးတခုကိုကြုံလိုက်ရသလိုမျိုးကြုံတွေ့လိုက်ရတယ်။ချီကွေ့တို့လိုအကြောင်းသိတွေတော့မပါဘူးပေါ့။ဒါကတော့ရှေ့ကမြင်းနဲ့လူဟာ နောက်ကိုပြန်လှည့်လာပြီး ခုနကအော်ပြောတဲ့လူကိုချော့မော့ပြောဆိုနေတာပဲဖြစ်ပါတယ်။

2 choice(You&Universe)Where stories live. Discover now