2

1K 153 6
                                    

ကိုယ့်ကိုယုံကြည်စေချင်ရင် ကိုယ့်ဘက်ကယုံကြည်ရအောင်နေပြရမှာကို လန်းနော့သိသည်။ထို့ကြောင့် ထိုလူကို သူဖြစ်ပျက်သမျှ မလိမ်ညာပဲအကုန်ပြောပြလိုက်သည်။ထိုလူနားလည်တာ မလည်တာတော့သူမသိပေ။သူ့နောက်ကတပ်သားလေးနှစ်ယောက်ကတော့ တစိမ်းကိုအကုန်ပြောပြနေသည့် ဗိုလ်မှူးဖြစ်သူကြောင့် မျက်နှာမှာ မပျော်ရွှင်မှုတွေထင်ဟပ်နေသည်။ဒါကလဲ သူတို့ကြောင့်ဆိုတာကိုသိနေတော့ အားနာစိတ်နဲ့ခေါင်းငုံ့လိုက်ကြသည်။

""မိတ်ဆွေကို..ကျနော်တို့ဘက်က ကူညီပြီးပြောပေးစေချင်ပါတယ်""

သူအကုန်ပြောပြီးတာတောင် ဘာစကားမှထွက်မလာသည့် သူ့အရှေ့ကလူကို လန်းနော့သေချာကြည့်လိုက်သည်။သူလက်လျော့တော့မည့်အချိန်မှာပဲ ထိုလူက သူ့နောက်ကလူတွေကိုဂူးဂူးဂါးဂါးနဲ့အော်ဟစ်လိုက်သည်။ဆိုးဂျွန်က လန်းနော့တွေးနေတာကိုမသိပေ။တကယ်တမ်းမှာတော့ သားရဲဘာသာစကားကိုဘယ်လိုပြောရလဲဆိုတာကို မှတ်ဉာဏ်ထဲမှာတွေးမိတော့ သူရဲ့ချစ်သူရှေ့တွင် ဂူးဂူးဂါးဂါးနဲ့အော်ဟစ်ရမှာရှက်စရာကြီးလို့ တွေးမိနေတာပင်

သူအော်ဟစ်လိုက်တော့ အယ်လီနာရော၊ကျန်သည့်လူတွေကပါ လန်းနော့ကိုကြည့်လာသည်။သူ့ကိုကြည့်လာသည့်မျက်လုံးပေါင်းများစွာကြောင့် ထိုလူက အရိုအသေပေးစရာ မလိုဟုပြောထားပေမယ့်လဲလန်းနော့ထပ်မံအရိုအသေပေးလိုက်သည်။

အော်ဟစ်ပြီးသွားတော့ သူ့ရှေ့ကလူက သူ့ဘက်ပြန်လှည့်လာပြီးလက်ကိုဆန့်ထုတ်လိုက်သည်။သူ့ရှေ့ရောက်လာတဲ့လက်ဝါးပြင်ကိုကြည့်ပြီး လန်းနော့လက်ဆွဲနှုတ်ဆတ်လိုက်သည်။ဒါကိုမြင်တော့ ဆိုးဂျွန်ကရယ်သည်။

""သေနတ်..""

သူထပ်ပြောလိုက်တော့မှ လန်းနော့ကနားလည်သွားပြီး ရှက်မိသွားသည်။သူ့ခါးကသေနတ်ကိုဖြုတ်ကာထိုလူဆီထိုးပေးလိုက်တော့ အနောက်ကတပ်သားနှစ်ယောက်အပြင် ကုန်းပတ်ပေါ်ကမှန်ပြောင်းနဲ့ကြည့်နေတဲ့စစ်သားတွေပါလန့်သွားသည်။ထိုသေနတ်ဖြင့်မတော်လို့ သူတို့ကိုပြန်ပစ်မှာဖြင့်

သူ့လက်ထဲက သေနတ်ကိုယူပြီးတာနဲ့...ကျည်ဆန်တွေကိုကျွမ်းကျင်စွာထုတ်လိုက်တဲ့သူကြောင့် လန်းနော့အံသြသွားသည်။။တခြားသူတွေနဲ့မတူပဲဒီလူက ဘာလို့ သူတို့ရဲ့ပစ္စည်းတွေအကြောင်းနားလည်နေလဲမသိပေ။ထိုလူက ကျည်ဆန်ကိုထုတ်ပြီး ပင်လယ်ထဲကိုပစ်လိုက်သည်။ထို့နောက် ကျန်ရှိနေတဲ့သေနတ်ကို လက်တဖက်နဲ့ဖျစ်လိုက်လေသည်။ထိုလူလက်တချက်နဲ့ဖျစ်လိုက်တာနဲ့ ကောက်ကွေးသွားသောသေနတ်ကြောင့် လန်းနော့လန့်သွားသည်။ဒီလိုခွန်အားမျိုး...

2 choice(You&Universe)Where stories live. Discover now