6end

3.3K 354 15
                                    

Uni
======
သူတို့ရဲ့ ခံစားချက်တွေကို အပြန်အလှန်ဝန်ခံပြီးကတည်းက ထနဖွန်ကအနုရကို အရင်ကထက်ပိုပြီးပိုမိုကာ အလိုလိုက်ချစ်မြတ်နိုးပေး
၏။လူအများရှေ့တွင် အကဲပိုလွန်း၍ တား
ယူရသည့်အထိပင်။အရင်လိုမဟုတ် တော်ရုံမရှက်တတ်တော့သည့် သူတောင် ထနဖွန်၏
အီစီကလီစကားများကြောင့် ရှက်ရသည့် အ
ထိပင်။သူတို့အိမ်ထောင်ရေးအဆင်ပြေနေတာမြင်တော့ တခြားလူများကလဲ အားကျကြသည်။

""ဘာလို့အလုပ်ကြမ်းတွေလုပ်နေတာလဲ...မင်းလက်ဖဝါးနုနုလေးတွေနာသွားဦးမယ်...""

ထနဖွန်က သူ့ဘေးနားလာထိုင်ရင်း ပြောလိုက်၏။မိုင် Spaceထဲမှာ သင်လာတဲ့လက်မှုပညာဖြင့် လက်ဖဝါးအရွယ် သစ်သားတုံးလေးပေါ်တွင် သံချောင်းသေးသေးလေးဖြင့် ပန်းပုရုပ်ကလေးကို ခြစ်ကာထွင်းထုနေရင်း

""ခဗျားကိုလက်ဆောင်ပေးမလို့....""

""ဟုတ်လား....ကိုယ့်ကိုပြပါဦး...""

သူဆီကစကားကိုကြားတော့ ထနဖွန်ကအံ့သြသွားပြီး သူ့လက်ထဲကပစ္စည်းလေးကိုသေချာကြည့်လာ၏။

""ဒါကကိုယ်လား....""

""အွန်း...""

""ဒါလေးကမင်းပေါ့...""

ထနဖွန်က သူထွန်းထုထားသည့်စုံတွဲအရုပ်ကလေးကို ထိကာမေးလာသည်။မပြီးစီးသေးပေမယ့်ရုပ်လုံးတော့ ပေါ်နေပါပြီ။

""ကိုယ့်ကလေးက အကုန်တော်နေတော့ကိုယ့်ကိုကိုယ်တောင်ဂုဏ်ယူလာပြီ...ဒီလိုဘက်စုံတော်တဲ့ကောင်လေးကို...ကိုယ်ရထားလို့လေ...""

ထနဖွန်က အနုရ၏လက်ကလေးကိုဆုပ်ကိုင်ကာပြောလာ၏။

""တကယ်လို့ကျနော်က ဘာမှမတော်ရင်ရော...""

သူမေးလိုက်တော့ ထနဖွန်က....

""ဒါဆို...ကိုယ်ကအကုန်တော်အောင်လုပ်မှာပေါ့...ကိုယ့်လိုဘက်စုံတော်တဲ့လူကိုရထားလို့...မင်းဂုဏ်ယူစေရမယ်လေ....""

""လူလည်...""

သူ့ပြောလိုက်တော့ ထနဖွန်ကရယ်ကာ သူ့ကိုရင်ခွင်ထဲဆွဲသွင်းကာ ဖက်လာ၏။

ထိုစဥ်သစ်ပင်ပေါ်က ချောင်းနေသည့် နီယန်ကတော့ အချောင်းလွန်ကာ သစ်ပင်ပေါ်ကပြုတ်ကျသွားလေ၏။

2 choice(You&Universe)Donde viven las historias. Descúbrelo ahora