Uni
======
""ငါ့ကိုဘယ်ခေါ်သွားမလို့လဲ...""""ခဗျားရောက်ရင်သိလိမ့်မယ်...""
""အိုခေလေ..."" ဖြေမယ့်သူကပြန်ဖြေချင်စိတ်မှမရှိတာ မေးတော့လဲဘာထူးမှာလဲ။ဆယ် ထိုင်ခုံမှာကျောပြန်မှီလိုက်ရင်း လက်
ပိုက်ကာအိပ်လိုက်၏။ချာရွန် ကားမောင်းနေရင်း တဖက်ကအသံမကြားလို့ကြည့်လိုက်တော့ တဖက်လူက အိပ်နေလေပြီ။ကျနော်မဟုတ်ပဲ တခြားသူမောင်းတဲ့ကားပေါ်မှာ အခုလိုသတိလက်လွတ်မအိပ်ဖို့ ခဗျားကို ကျနော်သင်ပေးရဦးမယ်ထင်ပါရဲ့။""ရောက်ပြီ....လာ....ဆင်းခဲ့တော့....""
""အွန်း....""ပါးတစ်ဖက်ကိုဖွဖွနမ်းကာ ပြောလာတဲ့ချာရွန်ကြောင့် ဆယ်အိပ်စက်နေရာမှနိုးလာခဲ့သည်။ချာရွန်ကို သူမျက်စောင်းထိုးလိုက်ပြီး ကားတံခါးကိုဆွဲဖွင့်လိုက်သည်။ထို့နောက်အိပ်ထားတာကြောင့် တွန့်ကြေနေတဲ့အကျီကိုသပ်ရပ်သွားအောင် ပြန်ဖြန့်လိုက်ရင်း ကားပေါ်ကဆင်းလိုက်သည်။ချာရွန်လဲခပ်ဖွဖွရယ်လိုက်ရင်း ဆယ့်ကိုနမ်းထားတဲ့ သူ့နှုတ်ခမ်းကိုလက်ဖျားနဲ့ထိ၏။
""မလှဘူးလား....""ကမ်းပါးပေါ်မှာ ဆောက်ထားတဲ့တံတိုင်းကိုလက်ထောက်ရင်းပင်လယ်
ကြီးကိုငေးကြည့်နေတဲ့ ဆယ်ကိုဘေးဘက်ကနေကြည့်ရင်း ချာရွန်ပြောလိုက်သည်။""ကျနော်ထင်တယ်...Le hevraက အလှဆုံးမြို့ပဲလို့လေ.....Parisထက်တောင်ပိုလှသေးတယ် ""
""အွန်း...လှတယ်...""
အဆုံးမရှိတဲ့ပင်လယ်ကြီးကိုငေးကြည့်ရင်း
ဆယ်ဂီပြန်ပြောလိုက်သည်။ပင်လယ်လေက
သူ့ရဲ့ဆံနွယ်အချို့ကို ဖြတ်တိုက်သွားပြီး ဖရိုဖရဲလေးဖြစ်သွားတယ်။""ခဗျားကြိုက်ရင် ဒီကိုခနခနလာမယ်လေ..ပဲရစ်နဲ့လဲနီးတာပဲဟာ...""ဆယ်ရဲ့နှဖူးပေါ်မှာ လှုပ်ခါနေတဲ့ဆံနွယ်လေးတွေကို သူ့လက်နဲ့ပြန်သပ်တင်ပေးလိုက်ရင်း ချာရွန်ဆို၏။
""ငါ့ကို ဒီခေါ်လာတာပင်လယ်ကို ပြဖို့အတွက်ပဲမဟုတ်ဘူးထင်တယ်...""
ဆယ်ပြောလိုက်တော့ ချာရွန်ကရယ်သည်။
ထို့နောက်ဆယ်ရပ်နေတဲ့ဘက်ဆီ ပိုတိုးလာပြီး....
BINABASA MO ANG
2 choice(You&Universe)
RomanceBL Not translate~~~~ Daily update~~ CV and Inline photo from pinterest