7

2.8K 358 18
                                    

Uni
=======
""ဟာရူတိုချန်....တိုက်ဆိုင်လိုက်တာနော်""

မိုင်တံခါးဖွင့်ပြီး အပြင်ထွက်လိုက်တာနဲ့ သူတို့အရှေ့ကအခန်းထဲကို ပစ္စည်းတွေရွေ့နေတဲ့ဖူမီကိုကိုတွေ့လိုက်ရ၏။

""ဘာတွေဖြစ်နေတာလဲ...""

ကော်ရစ်တာတလျှောက်မှာ တတ်လိုက်ဆင်းလိုက်နဲ့ရွေ့ပြောင်းနေတဲ့ တခြားကျောင်းသားကျောင်းသူတွေကိုပါ တွေ့လိုက်ရ၍ မေးလိုက်၏။

""မနေ့ညက ဟိုတာရုရဲ့အခန်းဖော်ကကြိုးဆွဲချသေသွားတယ်လေ...အဲ့တာတစ်ယောက်မှကျောင်းသားအဆောင်ဘက်မနေရဲကြတော့လို့ ဆရာတွေအဆောင်ဘက်ရွေ့နေကြတာ...""

""မင်းကရော.....""

သူမေးလိုက်တော့ ဖူမီကိုကရှက်ရယ် ရယ်၏။

""တခြားသူတွေကို မေးကြည့်တော့ ဟာရူတိုချန်တို့က အဆောင်ကမပြောင်းဘူးဆိုလို့လေ...အဲ့တာသူငယ်ချင်းတွေနဲ့ ဒီဘက်ရွေ့လာတာ..""

""ဒီဘက်က ယောကျာ်းလေးအဆောင်လေ..""

""ဟာရူတိုချန်ကလဲ...ညီမဒီကိုပြောင်းလာတာကအဓိကမဟုတ်ဘူးလားလို့...ပြီးတော့အကို့ကိုညီမက ကာကွယ်ပေးမှာ..."" ဖူမီကိုက သူ့လက်မောင်းကိုဖက်လိုက်ရင်း ပြောလာ
၏။ဒီကောင်မလေး လက်ရဲဇက်ရဲနိုင်လိုက်တာ...

""အဟမ်း...နှောက်ယှက်ရတာ..တောင်းပန်ပါတယ်...ဖူမီကိုရဲ့crushကလေးမလား...ချောလိုက်တာနော်....""

သူတို့ဘေးနားကနေ ဖြတ်ပြောတဲ့အသံကြားလို့လှည့်ကြည့်လိုက်တော့ ဖူမီကိုရဲ့အခန်းဖော်သုံးယောက်ကိုတွေ့လိုက်ရ၏။

""တွေ့ရတာဝမ်းသာပါတယ်"" သူပြန်နှုတ်ဆက်လိုက်တော့ ခုနကနှုတ်ဆက်တဲ့တစ်ယောက်ကပဲပြောလာ၏။

""ရှက်တတ်တယ်ထင်တယ်နော်...ဖူမီကိုဒီအဆင်လေးကို ဘယ်ကရှာလာပါလိမ့်...ချစ်စရာလေး ..""

""ငါတို့နဲ့တခန်းထဲပဲ နင့်ဘာသာနင်မျက်လုံးရှန်းပြီးမမြင်တာ...""သူ့ဘေးက တစ်ယောက်ကဝင်ပြော၏။

""မဖြစ်နိုင်ဘူး...ကန်းနေပေမယ့်အဆင်လေးတွေဆိုငါ့မျက်လုံးကတန်းမြင်ပြီးသား...""
သူမက သူမရဲ့မျက်မှန်ကို ပင့်တင်ရင်းပြောလာ၏။

2 choice(You&Universe)Unde poveștirile trăiesc. Descoperă acum