Arc-5ကျနော့်ရဲ့ အရှင်သခင်

3.8K 339 11
                                    

Uni
=======
ဟာရူတို့ရဲ့ကမ္ဘာက သူထွက်ခွာလာပြီးတဲ့နောက်တိမ်ပင်လယ်၏တစ်နေရာတွင်ဖြစ်
၏။

[Name-မိုင်(mile)
Points-5210/10000
ဝိဉာဉ်စွမ်းအား-90/100
သိုလှောင်ရုံ-ကတ္တီပါဘူး
ကျွမ်းကျင်မှု-အဆဲသန်၊ပျင်းရိ
တတ်မြောက်မှုစကေး-အိပ်ယာနွေးအောင်ပြုစုနည်း၊ယုံကြည်ခြင်းနှင့်ကြာပန်းဖြူ
Missionပြီးဆုံးမှု-3
ကျရှုံး mission-1
Skill-အတိုက်အခိုက်၊ဆေးပညာ၊စီးပွားရေးပညာ

အရင်Aအဆင့်ကမ္ဘာဖြစ်တဲ့အတွက် point
3000ကိုစာရင်းထဲ ထည့်ပေါင်းလိုက်ပါပြီ နောက်ကမ္ဘာအတွက်လက်မှုပညာကို သင်ရပါလိမ့်မယ်]

*ကောင်းပြီ...အရင်တခါလိုပဲလွှဲလိုက်*

ကမ္ဘာတွေတခုပြီး တခုပြောင်းလာလို့များငပျင်းစိတ်ကလေးများပျောက်မလားမှတ်တယ်..ငပျင်းကငပျင်းပဲ

Skillကိုမိုင့်ဆီလွှဲလိုက်ရင်း Banတွေးလိုက်၏။

""P' ကြိုက်နေတဲ့သူက ဘယ်သူလဲဟင်...""

မိုင်ရောက်ရောက်လာခြင်း သူ့ကိုမေးနေတဲ့ကောင်လေးတစ်ယောက်ကြောင့် မှတ်ဉာဏ်တွေကိုအမြန်ခေါ်လိုက်၏။

ဒီကမ္ဘာရဲ့ဇာတ်လိုက်နာမည်က ရက်ထနဖွန် ချကရီဖြစ်၏။ဘုရင့်အနွယ်တော်တစ်ယောက်ဖြစ်ပြီး နန်းတွင်းမှာတော်တော်လေး သြဇာကြီးမားသည့်သူဖြစ်၏။

ဇာတ်လိုက်မကတော့ ချရီယ ဖူလိုထ်ဝက်ဖြစ်၏။ဒီကမ္ဘာမှာတော့ ဇာတ်လိုက်မက မိန်းကလေးမဟုတ်ပဲ ယောကျာ်းလေးဖြစ်၏။ဇာတ်လိုက်မက မျိူးရိုးမြင့်နဲ့အစေခံမက မွေးသောကြောင့် သူ့အမေအစေခံမ၏ မျိုးရိုးကိုသာခံယူရ၏။သူကတရားမဝင်သားတစ်ယောက်ဖြစ်သောကြောင့် အိမ်ထဲကမျိုးရိုးမြင့်တွေသာမက အစေခံတွေ၏နှိပ်စက်တာကိုအမြဲခံရ၏။တအိမ်လုံးမှာ သူ့ကိုဂရုစိုက်ကာကြင်နာသည့်လူဟူ၍ သူ့အကိုတစ်ယောက်သာရှိ၏။ဒါကြောင့်သူက သူ့အကို၏ဘဝကိုအားကျသလိုချစ်လဲချစ်၏။ဒါပေမယ့် ကောင်းမွန်တဲ့ဆက်ဆံရေးဆိုတာကြားလူတစ်ယောက်ဝင်လာရင် ပျက်တတ်သည်မဟုတ်ပါလား....။

တနေ့တော့ ဇာတ်လိုက်မရဲ့အကိုက သူ့ကိုကြိုက်လို့ လက်ထပ်ခွင့်လာတောင်းသည့်ဇာတ်လိုက်ကိုကြိုက်သွားကာ သူ့ရင်ထဲခံစားရသမျှကို သူ့ညီလေးကိုရင်ဖွင့်တော့၏။ထိုအခါ ဇာတ်လိုက်မသည် စပ်စုလိုစိတ်နဲ့ဇာတ်လိုက်ကိုသွားတွေ့ပြီးနောက်မြင်ကာ ကြိုက်သွားတော့၏။သူကြိုက်တဲ့သူနဲ့လက်ထပ်တော့မည့်အကိုဖြစ်သူကို မနာလိုစိတ်များကြီးထွားလာကာ တခြားတစ်ယောက်နဲ့မှားယွင်းသည့်ပုံစံမျိုး လုပ်ကြံလိုက်၏။အကိုဖြစ်သူ ရှင်းပြတာကိုဘယ်သူမှနားမထောင်ကြချေ။ဇာတ်လိုက်ကအိပ်ယာထဲယောကျာ်းတစ်ယောက်နဲ့ရှိနေသည့်အကိုဖြစ်သူကိုမြင်တဲ့အခါ မုန်းသွားကာ လက်စားချေသည့်အနေနှင့် သူ့ရှေ့မှာပင် ဇာတ်လိုက်မနှင့်အစား လက်ထပ်လိုက်တော့သည်။ဇာတ်လိုက်မက မျိုးရိုးမြင့်ဖြစ်လာသည့်အခါသူ့ကိုနှိပ်စက်တဲ့လူတွေကို လက်စားချေတော့သည်။ကြာတော့ သူတို့ကြားအချစ်တွေပေါက်ဖွားလာကာနောက်ဆုံးတော့ ဇာတ်လိုက်နဲ့ပျော်ရွှင်စွာနေထိုင်သွားတော့သည်။အကိုဖြစ်သူကတော့ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ကာ အသက်20ကျော်လေးမှာတင်ဆုံးပါးသွား၏။

2 choice(You&Universe)Wo Geschichten leben. Entdecke jetzt