Uni
======
""သေသွားတဲ့ ကောင်မလေးကရေချိုးခန်းထဲမှာအပိုင်းပိုင်းအခုတ်ခံထားရတာတဲ့....""""""ငါတော့ သွားမကြည့်ရဲပေါင်...နင်ဘယ်သတ္တိနဲ့သွားကြည့်ခဲ့တာတုန်း....""
""အမလေး..ငါလဲသူများပြောလို့သိတာပေါ့ဟ....ကြည့်စရာလား ညဘက်အိပ်မက်ဆိုးမက်နေမယ်""
ယုကီနဲ့မိုင် အခင်းဖြစ်တဲ့မိန်းကလေးအဆောင်ဘက်ကူးလာတော့ အနားကဖြတ်သွားတဲ့ကောင်မလေးနှစ်ယောက်က အချင်း
ချင်းပြောသွားခြင်းဖြစ်၏။ကန်ဂျီကတော့ သူတို့နှစ်ယောက်ရဲ့ခပ်လှမ်းလှမ်းအနောက်ကနေ လိုက်လို့လာတယ်။""ဆန်ပိုင်း...အဲ့ကိုဘာလို့သွားကြည့်မှာတုန်း....""
ယုကီက သူ့လက်ကိုဆွဲရင်း အကြောက်ကြောက်အလန့်လန့်ပြောလာ၏။ငါလဲသွားချင်မလားကွာ သဲလွန်စလေးများရှိမလားလို့ပေါ့။မိုင်တွေးရင်းယုကီကိုပြန်ဖြေဖို့ပြင်တုန်းပဲရှိသေး သူတို့အနောက်မှာရှိတဲ့ကန်ဂျီက ဖြတ်ပြီးပြောလာ၏။
""ကြောက်တတ်ရင် လိုက်မလာနဲ့လေ...""
""သတ္တိမရှိတဲ့ကောင်...""
သူကပြောပြီးတဲ့နောက် မိုင်နဲ့ ယုကီတို့အလယ်ကတမင်သက်သက်ဖြတ်ကာ သူ့ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ရင်း အခင်းဖြစ်ရာနေရာဆီအရင်လျှောက်သွားတော့၏။ယုကီကတော့ ကန်ဂျီကို လက်ညှိုးတထိုးထိုးနှင့်....
""ဆန်ပိုင်း...တွေ့လား..ဒီကောင်ကျနော်တို့ကိုပြောသွားတာ...""
""ငါကြည့်တာတော့ မင်းကိုပြောသွားတာလားလို့လေ...""
မိုင်တို့အခင်းဖြစ်ရာနေရာကိုရောက်တော့ စစ်ဆေးရေးရဲတွေနဲ့ အဝါရောင်ကြိုးတန်းအပြင်ဘက်မှာရပ်ကြည့်နေတဲ့ အခြားသတ္တိခဲကျောင်းသားကျောင်းသူတွေကိုပါတွေ့လိုက်ရ၏။သူ့အရပ်ရှည်ရှည်နဲ့ အထဲကိုကျော်ကြည့်လိုက်တော့ မိန်းကလေးရေချိုးခန်းရဲ့နံရံထက်မှာ...
""တံခါးတဖက်မှာ အခြားတစ်ဖက်ရှိ၏...""
ဆိုတဲ့ သွေးတွေနဲ့ရေးထားသောစာသားနဲ့အတူထိုစာသားဘေးနားမှာ သွေးအရောင်ကြောင့်မည်းနက်နေသောလက်ဝါးရာတစ်ဖက်ကိုပါတွေ့လိုက်ရ၏။ထိုအရာမှလွဲရင် ရုန်းကန်ထားသည့်ခြေရာလက်ရာတောင်မရှိသည့် အပြင် ပစ္စည်းများကသပ်သပ်ရပ်ရပ်ဖြင့် သာမန်အိပ်ဆောင်အခန်းလိုပါပေ။
YOU ARE READING
2 choice(You&Universe)
RomanceBL Not translate~~~~ Daily update~~ CV and Inline photo from pinterest