extra-2

1.6K 109 2
                                    

စင်မြင့်နောက်က ထောင့်တစ်ထောင့်မှာရှိတဲ့ခုံလေးတစ်ခုံပေါ်မှာတော့ ကလေးမလေးတစ်ယောက်က ထိုင်လျက်ရှိပြီး သူမရဲ့ခြေထောက်တိုတိုကလေးများကို အရှေ့အနောက်လွှဲရမ်းလို့နေတယ်။သူမရဲ့ပန်းနုရောင်နှုတ်ခမ်းသေးသေးလေးနဲ့ဖြူဖွေးတဲ့အသားအရည်က ဖတ်ထုပ်လုံးလေးထိုင်ခုံပေါ်ချထားသလိုပဲ။သူမရဲ့ခေါက်ဆွဲလိုကောက်နေတဲ့ဆံပင်လေးတွေကိုတော့ ပိုတေးတိုးပုံစံလေးစီးထားပြီး ဖောင်းကားနေတဲ့ပါးဖောင်းဖောင်းလေးတွေက သူမကိုပိုပြီးချစ်စရာကောင်းစေတယ်။

သို့ပေမယ့်သူမရဲ့လုံးဝိုင်းပြီးရွန်းလဲ့နေတဲ့မျက်ဝန်းလေးတစ်စုံထဲမှာတော့ စိတ်ပူပန်မှုတချို့တွေရှိနေတယ်။ခြေထောက်လွှဲရမ်းနေတာကိုရပ်လိုက်ပေမယ့် စိတ်လှုပ်ရှားမှုကြောင့် သူမရဲ့လက်မလေးနှစ်ခုကိုအချင်းချင်းအပြန်အလှန်ပွတ်သပ်နေတုန်းမှာပဲ စင်ဝမှာရပ်နေတဲ့သူမရဲ့အတန်းပိုင်ဆရာမက သူမကိုအော်ခေါ်လိုက်တယ်။

""ဟီးလေးရေ...ဒီတစ်ခုပြီးရင်သမီးအလှည့်ရောက်ပြီနော်"""

ဒါကိုကြားတော့ ကလေးမလေးကသက်ပြင်းအသာချလိုက်ပြီး သူမရဲ့ခြေတံတိုတိုလေးလေးတွေနဲ့ စင်မြင့်ရှိရာကိုပြေးသွားလိုက်တယ်။

စင်မြင့်ပေါ်ကို ချစ်စရာကလေးမလေးတစ်ယောက်တတ်လာတဲ့အခါမှာတော့ ပွဲခင်းထဲမှာရှိတဲ့ကျောင်းသားမိဘတွေရဲ့မျက်လုံးပေါင်းများစွာက သူမလေးဆီကို ရောက်ရှိလို့လာတယ်။ရောက်လာတဲ့မျက်လုံးပေါင်းများစွာကြောင့် သူမလေးကကြောက်ရွံသွားပြီး ပွဲခင်းထဲကို အားကိုးတကြီးဝေ့ကြည့်လိုက်တယ်။

သူ့ဆီကိုရောက်လာတဲ့သမီးလေးရဲ့အကြည့်ကြောင့်ဆိုးဂျွန် လက်ဟန်နဲ့ဖိုက်တင်းဆိုပြီးဆိုပြီးလုပ်ပြလိုက်တယ်။ဆိုးဂျွန်ရင်ခွင်ထဲကနှစ်နှစ်သားလေးကလဲ သူ့အမဖြစ်သူကိုလှမ်းပြုံးပြလိုက်တယ်။သူ့ပါးပါးကလဲ သူ့ကိုလုပ်လေဆိုတဲ့အပြုံးနဲ့ကြည့်နေတာကိုမြင်တော့ ကလေးမလေးကစိတ်ကိုလျော့လိုက်ပြီး သီချင်းစဆိုလိုက်တယ်။

""လမ်းပျောက်နေတဲ့ လမ်းပျောက်နေတဲ့"""

""ကြောင်ကလေး""

2 choice(You&Universe)Tahanan ng mga kuwento. Tumuklas ngayon