5

2.8K 375 16
                                    

Uni
======
ခုနက စားထားတဲ့ခေါက်ဆွဲတွေအကုန်လုံးကို အန်ထုတ်လိုက်ရတော့ သူအတော်နေသာထိုင်သာရှိကာ သက်သာသွား၏။

မိုင် နဖူးပေါ်ကျနေတဲ့ဆံပင်ကို ဖူးခနဲမှုတ်လိုက်သည်။ဒီနေ့ဖြစ်ရပ်ကိုမြင်မှပဲ အရင်
arcတွေတုန်းကသူပေါ့ပေါ့နေ ပေါ့ပေါ့စားခဲ့မှန်း သိလိုက်ရ၏။ဒီကမ္ဘာမှာအသက်ရှင်ဖို့တောင် ခက်ခဲတယ်။ဘယ်နေ့ သူ့အလှည့်ရောက်လာမလဲ မသိချေ။မှန်ထဲကပုံရိပ်ကိုကြည့်နေပေမယ့် တကယ်တမ်း သူ့မျက်လုံးထဲ မြင်နေရသည်က ထိုလူခုန်ချခါနီး သူ့ကိုကြည့်ခဲ့သည့် အကြည့်ကိုဖြစ်၏။

ထို့နောက် ဘေစင်ကရေကိုဖွင့်လိုက်ပြီး မျက်နှာသစ်လိုက်၏။မိုင် သူ့လက်မှာစိုနေတဲ့ ရေကိုအသုံးပြုပြီး ဆံပင်ကိုဂျယ်ထောင်သလို ဆွဲဖွလိုက်၏။

အပြင်ကိုပြန်ထွက်လိုက်တော့ အခန်းထဲကလေထုက တစ်ခုခုထူးဆန်းနေသလို။သူစိတ်ထင်တာပဲဖြစ်မှာပါ....

""ဆန်ပိုင်း...အဆင်ပြေရဲ့လား...""

ယုကီက သူထွက်လာတာကိုမြင်တော့ သူ့လက်မောင်းကိုတွဲကာ အပြေးအလွှားမေးလာ၏။

""အဆင်ပြေပါတယ်....""

သူပြန်အဖြေပေးလိုက်ရင်း လွတ်နေတဲ့ထိုင်ခုံတခုမှာ ဝင်ထိုင်လိုက်သည်။သူကခုထိ သွေးထွက်နေဆဲဖြစ်တဲ့ကန်ဂျီလက်ကိုမြင်တော့...

""ဆာဟီ...ဆေးသေတ္တာယူလာခဲ့...""

""ဘာလုပ်ဖို့လဲ....မင်းဘယ်နားဒဏ်ရာရသွားလို့လဲ...""

အာဆာဟီက သူ့အနားအပြေးရောက်လာပြီး သူ့ခန္ဓာကိုယ်ကို ဟိုဘက်ဒီဘက်လှည့်ကြည့်ကာပြောလာ၏။ကန်ဂျီကလဲ ထိုင်နေရာကနေသူ့ကိုမော့ကြည့်လာ၏

""ငါမဟုတ်ဘူး....ကန်ဂျီကိုထည့်ပေးမလို့...""

ထိုအခါမှ အာဆာဟီကသူ့လက်ကိုကိုင်ထားရာကဖြည်းဖြည်းလွှတ်ချလိုက်ပြီး ဆေးသေတ္တာကိုယူလာပေး၏။

""လက်ပေး...""

""ရတယ်...ကိုယ့်ဘာသာကိုယ်ထည့်မယ်...""

""အခုတောင် ဆေးထည့်ရသေးလို့လား...မရှည်နဲ့လက်ပေး...""

သူပြောလိုက်တာ လေသံမာသွားလို့ထင်၏။ကန်ဂျီက သူ့လက်ကို မိုင့်ရှေ့ထိုးပေးလို့လာ၏။သူလဲကန်ဂျီ့လက်ကိုရေသန့်နှင့်ဆေးကာ အရက်ပြန်နဲ့ ပိုးသတ်လိုက်ပြီးတော့ ဆေးလိမ်းပေးလိုက်၏။ဆေးကမခြောက်သေးသောကြောင့် ပါးစပ်ဖြင့်လေမှုတ်ပေးလိုက်၏။

2 choice(You&Universe)Dove le storie prendono vita. Scoprilo ora