🔞9🔞

2.2K 181 7
                                    

အိပ်ယာနဲ့ကျောပြင်ထိကပ်သွားတဲ့ အထိ
အတွေ့ကြောင့်Laimနိုးလာခဲ့သည်။Laim
မျက်လုံးဖွင့်ဖွင့်ခြင်းမြင်လိုက်ရသည်က Leo
ရဲ့ချောမောလှတဲ့မျက်နှာကိုဖြစ်၏။Laimနိုးလာတာကိုမြင်တော့ LeoကLaimရဲ့နှာခေါင်းကို လက်ညှိုးနဲ့တို့ကာပြောလိုက်သည်။

""နိုးလာပြီလား...ကိုယ့်ကလေးလေး...""

""ဘယ်တုန်းကပြန်ရောက်တာလဲ....""

Laim Leoကိုမေးလိုက်ပြီး တဆက်တည်းမှာပဲသူ့ရဲ့အကြည့်က Leoရဲ့လက်ကအနာရှိရာဆီကိုရောက်ရှိသွား၏။Laimရဲ့စိတ်ပူနေတဲ့အမူအရာကိုမြင်တော့ လီယိုကArm slimနဲ့တွဲထားတဲ့သူ့လက်ကိုခါပြရင်း

""အဲ့တာက..မနာပါဘူး...ကြည့်ပါလား...
ကိုယ်အကောင်းကြီးရှိသေး....အ...""

Leoရဲ့နာကျင်နေတဲ့အမူအရာကိုမြင်တော့ Laimပြာပြာသလဲနဲ့ ရှိန်းကိုသွားခေါ်ဖို့လုပ်လိုက်တယ်။ဒါပေမယ့်သူ့ရဲ့ကြိုးပမ်းမှုက Leoရဲ့တားဆီးမှုအောက်မှာကျရှုံးသွားတယ်။Leoက Laimရဲ့ခါးကိုလက်တဖက်နဲ့သိမ်းဖက်လိုက်ပြီး နှုတ်ခမ်းတစ်စုံကတော့နက်ရှိုင်းတဲ့အနမ်းတစ်စုံကိုပုံဖော်လိုက်တယ်။Laim အစကတော့တုံ့ဆိုင်းသွားပေမယ့် မကြာမီမှာပဲLeoရဲ့ဦးဆောင်မှုနောက်ကိုလိုက်ပါသွားခဲ့ပြီး...သူ့ရဲ့မျက်လုံးတစ်စုံကပိတ်ကျသွားတယ်။

""ကိုယ်တောင်းထားတဲ့အဖြေရော....""

Leo ကောင်လေးရဲ့နှုတ်ခမ်းထောင့်မှာကျနေတဲ့ ငွေမျှင်တန်းကလေးကိုလက်ဖနဲ့ဖိသုတ်ပြီးမေးလိုက်သည်။တဆက်တည်းမှာပဲ သူက

""မင်းမှာရွေးချယ်စရာနှစ်ခုပဲရှိတာနော် တခုကမင်းကိုယ့်ကိုပြန်ချစ်ရမယ်...မင်းကိုယ့်ကိုပြန်မချစ််ရင်မင်းဘေးနားကပ်တဲ့လူမှန်သမျှ ကိုယ်သတ်ပစ်မှာ...""

သူ့စကားအဆုံးမှာLaimက ထိတ်လန့်သွားပြီးမကျေမချမ်းပြောလာ၏။

""...ခဗျားကအတ္တကြီးလိုက်တာ...""

""မင်းနဲ့ပတ်သတ်မှပါ...""

သူ့ရဲ့စကားအဆုံးမှာ LaimကLeoရဲ့မျက်နှာကိုသူ့လက်နှစ်ဖက်နဲ့ဆွဲယူရင်း ပြွတ်ခနဲမြည်အောင်နမ်းလိုက်တယ်။Leoကခနတော့ကြောင်အသွားပေမယ့်နမ်းပြီးထွက်ပြေးဖို့ပြင်နေတဲ့ကောင်လေးကို ဆွဲယူကာနမ်းလိုက်၏။သူ့ရဲ့အကောင်းအတိုင်းရှိနေတဲ့ လက်တဖက်က Laimရဲ့အကျီကြယ်သီးများကိုထိပါးလာသည့်အခါမှာ Laimထိတ်လန့်သွားပြီး သူ့လက်ကိုဖမ်းကိုင်ကာ ပြောလိုက်တယ်။

2 choice(You&Universe)Where stories live. Discover now