နောက်ဆုံးတော့ ယွီရှန့်မျှော်နေတဲ့နေ့ကိုရောက်ခဲ့ပြီ။အခုအချိန်မှာတော့ ဝမ်ရဲ့နဲ့ ယွီရှန့်တို့အပြင် တခြားမှူးမတ်တွေပါ ခန်းဆောင်ထဲမှာမန်ချူးတို့အလာကိုစောင့်နေကြတယ်။ထုံးတန်းအစဥ်အလာအရတဖက်မင်းကြီးကို အရိုအသေပြုရမယ်လေ။
'""မန်ချူး..အရှင့်ကိုဂါရဝပြုပါတယ်...""
""သက်သာသလိုနေပါ...""
""ဟုတ်ကဲ့ပါအရှင်...""
ပိုင်ယွီရှန့်သူ့အရှေ့က ကောင်လေးဖြစ်သူကိုကြည့်ပြီးအံ့တကြိတ်ကြိတ်။
""လှလိုက်တာ ukeဆင်လေးကတောက်...""
[ဘေးနားက...ကိုယ့်လင်ကိုအားနာပါဦး]ဘယ်အချိန်ထဲကပြောချင်နေမှန်းမသိတဲ့ banကပြောလိုက်တယ်။
""နှမြောစရာပဲအလှလေးရယ် ဒီအကိုကြီးကနံပါတ်ကြီးနဲ့ကွယ်""
(A/N,နံပါတ်ကြီးနဲ့=ပိုင်ရှင်ရှိပြီးသားကုန်ပစ္စည်း)
မန်ချူးကတော့ သူ့ကိုမျက်တောင်မလွဲဲကြည့်နေတဲ့ပိုင်ယွီရှန့်ကြောင့် ပါးနှစ်ဖက်ကနီရဲလို့....
""ခွမ်း...""တိတ်ဆိတ်မှုကို ဖန်ခွက်ကွဲသံက နှောင့်ယှက်တယ်။ကြည့်လိုက်တော့ တရားခံကလီဝမ်ရဲ့..။
""အရှင်..ဘာဖြစ်သွားသေးလဲ..""သူ့လက်ကိုဂရုတစိုက်ကိုင်ကာမေးလာတဲ့ သူလေးကြောင့်လီဝမ်ရဲ့စိတ်တို့ ပြန်အခြေကျသွားသည်။
သူ့မျက်နှာကိုမှမထောက် နှစ်ယောက်သားအကြည့်စိုက်နေကြတာ။
""ဘာမှမဖြစ်ပါဘူး..ကိုယ်တော် အားမထိန်းနိုင်လိုက်လို့...""
""တော်ပါသေးရဲ့...""စိတ်သက်သာသွားသလို မျက်နှာပေးလေးနဲ့ပြောလာတဲ့ သူလေးကြောင့်လီဝမ်ရဲ့ပြန်ပြုံးရွှင်လာသည်။ဟုတ်တယ်..ဒီလူက..သူ့ကိုပဲကြည့်ရမှာ။
နောက်တော့ တွေ့ဆုံပွဲကသက်သက်သာသာနဲ့ပြီးသွားသည်။ပွဲပြီးသွားတော့မန်ချူးကယွီရှန့်ကိုနှုတ်ဆက်ပြီး..ဝမ်ရဲ့ပေးထားတဲ့သူ့ခန်းဆောင်ဆီသူပြန်သွားတယ်။မန်ချူးပြန်တော့ ဘုရင်ဖြစ်တဲ့သူ့နားမနေပဲမန်ချူးနောက် ကောက်ကောက်ပါအောင်လိုက်သွားတဲ့လင်းချန်ကိုကြည့်ပြီး ယွီရှန့်သိလိုက်သည်။
YOU ARE READING
2 choice(You&Universe)
RomanceBL Not translate~~~~ Daily update~~ CV and Inline photo from pinterest