12

2.6K 345 7
                                    

Uni
=======
သူတို့တော်တော်လေးရှာမှ ခူရာယာမီ၏အိမ်ကိုတွေ့၏။ဆယ်နှစ်တောင်ကြာပြီမို့လို့ အိမ်နေရာအနေအထားက တော်တော်ပြောင်းသွားချေပြီ။ထို့ကြောင့် လမ်းမှာတွေ့သမျှလူတိုင်းကို လိုက်မေးပြီးမှ ဒီနေရာကိုရောက်ရှိလာခြင်းဖြစ်၏။ကန်ဂျီက သဘော်ဆေး အစိမ်းရောင်သုတ်ထားသော ခြံတံခါးကိုခေါက်ဖို့လက်ပြင်လိုက်ပြီး မိုင့်ကိုလှည့်ကြည့်၏။မိုင်က ခေါင်းငြိမ့်ပြလိုက်တော့ သူကတံခါးကိုခေါက်လိုက်သည်။

""ဒေါက်...ဒေါက်..ဒေါက်....""

တံခါးခေါက်သံက စည်းချက်ကျကျထွက်ပေါ်
လာ၏။အဖိုးကြီးတစ်ယောက်၏ လာပြီဟူသောအသံကိုကြားလိုက်ရပြီးနောက် ခနအကြာမှာ ခြံတံခါးကပွင့်လာခဲ့သည်။

""အဖိုးရေ...ဒီနေရာက...ခူရာယာမီအိမ်လား...""

အာဆာဟီက ချိုသာစွာပြုံရင်းမေးလိုက်၏။
ထိုအခါ အဖိုးကြီးကထိတ်လန့်သွားပြီး တံခါးကိုမြန်မြန်ဆွဲပိတ်ဖို့ပြင်၏။ကန်ဂျီက တံခါးထဲကိုသူ့လက်ထည့်လိုက်တော့ တံခါးကပိတ်မရတော့။

""ဘယ်က...ခူရာယာမီလဲ...သွား...ဒီမှာမရှိဘူး...""

သူက ကန်ဂျီလက်ကို အားနဲ့တွန်းဖယ်လိုက်ပြီး တံခါးကိုအတင်းပိတ်ဖို့လုပ်၏။

""အဖိုးရဲ့သားက ကျနော်တို့ကိုလွှတ်လိုက်တာပါ...သူကပြောတယ်...အဖိုးကသူ့ကိုသိပ်ချစ်တာတဲ့....""

မိုင်က ကြားလယ်ကနေဝင်ပြောလိုက်တော့ အဖိုးကြီးက မိုင့်ကိုကြည့်လာပြီး...တံခါးကိုဖြည်းညှင်းစွာဖွင့်ပေးလာ၏။

""ဝင်လာခဲ့ပါ...""

အဖိုးကြီးကပြောလိုက်ပြီး မိုင်တို့ကိုဦးဆောင်ကာ သူ့အိမ်ထဲခေါ်သွား၏။အိမ်လေးကသပ်သပ်ရပ်ရပ်နှင့် လှလှကလေးဖြစ်ပြီး ဂျပန်ရိုးရာအိမ်တွေလိုမျိုးလေးဖြစ်၏။အိမ်၏တနေရာဝယ် အသက်50ကျော်
လူကြီးတစ်ယောက်နှင့်8နှစ်အရွယ်ကလေးတစ်ယောက်၏ဓာတ်ပုံကိုချိတ်ထား၏။ကြည့်ရတာ အသက်ကြီးမှကလေးရသည့်ပုံပေါ်၏။

မိုင် ဓာတ်ပုံကအကြည့်လွှဲလိုက်ချိန်မှာတော့ အဖိုးကြီးဒါခူက မီးဖိုချောင်ထဲမှာသိမ်းထားတဲ့ ဆန်အရက်ကိုယူလာကာ မိုင်တို့သောက်ဖို့ ပေးလာ၏။ထို့နောက်အဖိုးကြီးဒါခူကပဲ စကားစပြောလာ၏။

2 choice(You&Universe)Where stories live. Discover now