10End

3.2K 315 5
                                    

Uni
=======
သူတို့ အခန်းသော့ကိုပြန်အပ်လိုက်တော့ တည်းခိုခန်းပိုင်ရှင်အမျိူးသမီးက သဘော
ကျစွာရယ်၏။ရိန်းက မိုင့်ကိုချီထားရင်းကနေ ပြန်ပြုံးပြလိုက်သည်။ဒီတလျှောက်လုံးမိုင်က ရိန်းရဲ့ရင်ခွင်ထဲမှာရှက်ရွံစွာခေါင်းကို ဝှက်
ထားလို့နေ၏။ဟုတ်တယ်လေ...တပတ်လုံးလုံးအဲ့အမျိုးသမီးက စားစရာလာပို့တိုင်းဒီလိုကြီးကြည့်တတ်တဲ့ဟာ သူများကမရှက်ပဲနေမလားလို့။

""လူငယ်တွေများ...ချိုမြိန်လိုက်တာနော်....""

သူမက ဆိုင်ထဲကနေထွက်ခွာသွားတဲ့လူနှစ်ယောက်ကိုပြုံးကာပြောလိုက်သည်။

""မမ..ဘာကြည့်နေတာလဲ...""

နောက်ကျောဘက်ကနေ အမျိုးသမီးငယ်လေးတစ်ယောက်သည် ဆိုင်ရှင်အမျိုးသမီး
၏ဖွံ့ထွားနေသော ပေါက်စီများကိုညှစ်ရင်းမေးလာသည်။

""ငယ်...ဟာ့...လူတွေနဲ့လေ....""

သူမကကောင်တာကို လက်ထောက်ကာညည်းရင်းပြောလိုက်တော့ အမျိုးသမီးငယ်လေးက ပြန်ပြော၍လာသည်။

""မသိဘူးမမက...ငယ့်ကိုမှဂရုမစိုက်တာ....""

""လိမ္မာတယ်....မဆိုးနဲ့....""

""မသိဘူး...အကြွေးမှတ်ထားတယ်နော်...ညကျရင်ပိုတိုးယူမှာ...""

ရက်လနှစ်များက တရွေ့ရွေ့ကုန်လွန်သွား၏
မိုင်က ရိန်းကိုမှီထားရင်းနဲ့ Ban၏ထွက်ခွာဖို့တိုက်တွန်းသံကိုနားထောင်၍နေသည်။

""ခမည်းတော်နဲ့မယ်တော်...ဒီကိုကြည့်ပါဦးသမီးယူလာတဲ့အရွက်ကလေး....""

သူတို့ရဲ့သမီးတော်လေး ဂျွန်ဟီးက သူမယူ
လာတဲ့မေပယ်ရွက်ကလေးကိုပြကာဆိုလာသည်။မိုင်ကသစ်ရွက်ကလေးယူကာ ကြည့်လိုက်ပြီး"ဟီးလေး"ရဲ့ လက်လေးထဲပြန်ထည့်ပေးလိုက်သည်။

""အရမ်းမပြေးနဲ့...ချော်လဲဦးမယ်....""

ရိန်းက မိုင့်ကိုသူ့ရဲ့ရင်ခွင်ထဲထွေးပွေ့ထားရင်းကရင် သူ့ရဲ့ချစ်စရာ3နှစ်အရွယ်သမီးငယ်လေးကိုအော်ပြောလိုက်သည်။ဂျွန်ဟီးလေးက ခေါင်းငြိမ့်လိုက်ရင်း နန်းဆောင်ထဲမှာ ပတ်ပြေးလို့နေ၏။

2 choice(You&Universe)Where stories live. Discover now