8

1.6K 191 4
                                    

Laimအတွက် အရာအားလုံးက အဆင်ပြေနေတယ်။အိမ်တော်ထိန်းကလဲ သူလိုအပ်သမျှကို ဖြည့်ဆည်းပေးတယ်။ရိုက်ကွင်းမှာဆိုရင်လဲ ပြသာနာမဖြစ်သလောက်ပဲ။ကလယ်ရာလား အင်းကလယ်ရာကတော့ သူ့ကိုတွေ့တာနဲ့ရှောင်နေတယ်။ရိုက်ကွင်းထဲက လူတွေတောင်သတိမူမိတဲ့အထိပဲ။အတူတူရုပ်ရှင်ရိုက်နေတဲ့သူအချင်းချင်း မခေါ်မပြောတာကတခြားသူတွေအတွက်ထူးဆန်းနေပေမယ့် Laimအတွက်ကတော့သူ့ကို ဘာမှမလုပ်သ၍အဆင်ပြေနေတယ်လို့ပြောရမှာပေါ့....

တခါတလေLeoကိုလွမ်းမိတာကလွဲရင် အရာအားလုံးကအဆင်ပြေပြေပါပဲ။နှစ်ယောက်အတူနေတာကြာတော့ တစ်ယောက်ကရုတ်တရက်ပျောက်သွားတော့ မရှိတော့မှလွမ်းတယ်လို့ပြောရမလား။အချင်းချင်းမဆက်သွယ်ဖြစ်ကြတော့ ထိုသူကိုချစ်မိနေကြောင်း တဖြေးဖြေးသိလာရသည်။Leo
ဘက်ကလဲ သူ့ကိုအချိန်ပေးဖို့လိုမည်ထင်၍ သူ့ဖုန်းကိုမဆက်လာပါ။အိမ်တော်ထိန်းဆီကိုတော့ သူနဲ့ပတ်သတ်ပြီးနေ့တိုင်းခနခနမေးလေ့ရှိ၏။ဒါကလဲအိမ်တော်ထိန်း Leoနဲ့ဖုန်းခိုးပြောနေတာကို သူတွေ့လိုက်မိ၍သာ။

သူ့ကိုဆက်ချင်ရင်ဆက်လို့ရအောင်Leoဘက်
ကဖုန်းနံပါတ်ပေးထားပေမယ့် Laimမဆက်ရဲပါ။သူ့ဘက်ကစပြီး ဘာပြောရမလဲမသိတာလဲပါသည်။အိမ်တော်ထိန်းကလဲ Leoအရေး
ကြီးကိစ္စသွားလုပ်တယ်ပြောထား၍ သူဆက်လိုက်တဲ့အချိန်မှတခုခုဖြစ်သွားရင်....

""ဟာ...မသိတော့ဘူး....""

Laimသူ့လက်ထဲကဖုန်းကို အိပ်ယာထက်ပစ်ချလိုက်ရင်း အပေါ်ကမျက်နှာကျက်ကို လှဲနေရာကမော့ကြည့်လိုက်သည်။ထိုအချိန် အိမ်တော်ထိန်းရဲ့တံခါးခေါက်သံကကျယ်လောင်စွာ ထွက်ပေါ်လာ၏။

""သခင်လေး....""

အိမ်တော်ထိန်းရဲ့အသံက အရေးကြီးပုံရတာကြောင့်Laimအိပ်ယာထဲကနေလူးလဲထကာ တံခါးကိုအမြန်သွားဖွင့်ပေးလိုက်တော့

""သခင်ကြီး...သေနတ်မှန်လို့တဲ့....""

ဦးအောင်ပြောလာတဲ့ အိမ်တော်ထိန်းရဲ့စကားသံကရင်ထဲဒိန်းခနဲ။Laimရဲ့ခြေဖျား လက်
ဖျားများအေးစက်သွားသည်။

""သူအဆင်ပြေရဲ့လား....""

သူ့လက်ကိုအားကိုးတကြီးဆုပ်ကိုင်လာတဲ့ Laimကိုကြည့်ပြီး အိမ်တော်ထိန်းက သက်
ပြင်းချလိုက်သည်။

2 choice(You&Universe)Où les histoires vivent. Découvrez maintenant